"Hyung အာညော် ... "
"ငါတို့ဂျောင်ကုကီ ဒီနေ့အရမ်းတက်ကြွနေတာပဲ
ဆော့ဂျင်ရောက်လာပြီဆို အဆင်ပြေရဲ့လား..."ဆော့ဂျင်အကြောင်း နမ်ဂျွန်း မေးလာတော့ မမေးဘဲနဲ့တောင် ပြောပြဖို့ပါးစပ်ပြင်နေတဲ့
ဂျွန်ဂျောင်ကုတစ်ယောက်သဘောခွေ့သွားတော့တာပေါ့ ....."Hyung ဆော့ဂျင်ကလေ လက်သည်းဖွက်ထားတဲ့ကြောင်ကလေးပဲသိလား ရောက်လာမှအသွက်ကလေးမှန်းသိရတယ်
မထင်ရဘူးမလား
ရေလည်းသူ့ဘာသာချိုးတက်တယ်တဲ့
ကျွန်တော့်ကို ကူးကူးလို့ခေါ်တယ်လေ နှုတ်ခမ်းစူပြီး ကူးကူးလို့လာလာခေါ်တာ အမြင်ကက်စရာလေး
စိတ်လည်းကောက်တက်သေးတာ ရိုက်ချင်စရာလေးသိလား...."စကားစလိုက်ရုံရှိသေး ရိုက်မမေးဘဲ အသေးစိတ် တန်းစီပြောပြလာတဲ့ ဂျောင်ကုကြောင့်နမ်ဂျွန်း ဆော့ဂျင်အကြောင်း နားပူအောင်နားထောင်လိုက်ရသည်...
"ငါတို့ဂျောင်ကုလေး ဆော့ဂျင်ကို အများကြီးသဘောကျနေတာပဲ ....."
"အဲဒီလိုမဟုတ်ပါဘူးဆိို အပျင်းပြေတယ်လေ Hyung ရဲ့ ...."
"အင်းပါ ထားပါတော့ ကျောင်းကပြန်ရောက်ရင်ဂျီမင်း ဆီခေါ်လာပေးလိုက်ဦး ငါတို့အိမ်ကလူတွေနဲ့လည်းမိတ်ဆက်ပေးရအောင်...."
"အင်းးးးး"
ကျောင်းသွားတဲ့တစ်လမ်းလုံး သူ့အတွေးနဲ့သူ တစ်ယောက်တည်းရယ်ပြီးလမ်းလျှောက်နေတဲ့ ဂျောင်ကုကြောင့် နမ်ဂျွန်းစိုးရိမ်နေရတယ်
....
ဆော့ဂျင်ရောက်လာလို့ပျော်နေတာ ဖြစ်နိုင်ပေမဲ့ တခြားလူတွေအတွက်တော့ ဂျောင်ကုရဲ့အပြုံးက လန့်စရာမြင်ကွင်းဖြစ်နေလောက်တယ်လေ.......ဒီကောင်လေး စိတ်ရောမှန်သေးရဲ့လားမသိဘူး
ရယ်နေတာကကောင်းပေမဲ့ ဒါကပုံမှန်မဟုတ်ဘူးလေ
ဂျွန်ဂျောင်ကုဆိုတဲ့ကောင်က အမြဲစိတ်အလိုမကျဖြစ်ပြီးအူပုတ်နေတက်တဲ့ကောင်....
ခုကျ ပြုံးဖြီးဖြီးလုပ်နေတာ ဘေးကလူတွေကိုပါကြက်သီးထရအောင်လို့...."Hyung ကျွန်တော်ရည်းစားထားရင်လေ ပါးအိအိဖောင်းဖောင်းတွေရှိတဲ့ ကောင်မလေးကိုပဲတွဲမှာသိလား...."