ပင်လယ်ပြင်ကြီးကို မြင်တိုင်းပျော်ရွှင်ခဲ့တယ်
အဆုံးမရှိတဲ့ အပြာရောင်ရေပြင်ကျယ်ကြီးကို မြင်ရတာဘယ်လောက်စိတ်သက်သာရာရသလဲ....ဒါပေမဲ့....
ဒါပေမဲ့ အခုတော့ရင်ထဲမွန်းကျပ်လာတယ်
ပင်လယ်ကိုကြည့်ရတာတောင် မပျော်နိုင်တော့ဘူး...."ကိုကိုဂျွန်း အဲဒါက အဲဒါကဘာကို....."
အံ့သြတုန်လှုပ်နေနဲ့ ဂျီမင်းရဲ့မျက်နှာကို နမ်ဂျွန်းစေ့စေ့ပြန်မကြည့်ရဲ ဖွင့်ပြောမိတဲ့အတွက်နောင်တရသလိုတောင် ဖြစ်လာရသည်....
ဒါပေမဲ့လည်း ပြန်လှည့်လို့မှမရတော့ဘဲ
အဆုံးထိသွားရတော့မှာပဲလေ....."ကိုယ်တောင်းပန်ပါတယ် မင်းကိုချစ်တယ် ဂျီဂျီ ညီလေးတစ်ယောက်လိုမဟုတ်ဘဲ ချစ်သူလိုချစ်နေမိတယ်
ဒါက မဖြစ်သင့်မှန်းသိပါတယ်
ဒါပေမဲ့ ပြောင်းလဲလာတဲ့ ကိုယ့်စိတ်တွေကို မဖုံးကွယ်ထားချင်တော့ဘူး ကိုယ်၀န်ခံချင်တယ်
ဒီ၀န်ထုတ်၀န်ပိုးကြီးကို သယ်ပိုးပြီးနေရတာကပိုပင်ပန်းတယ်....""အဲဒါမိို့ အိမ်မှာမနေခဲ့တာလား....."
"အင်းးဆိုပါတော့...."
"တောင်းပန်ပါတယ် ဂျီဂျီသဘောကျတဲ့သူရှိတယ်
ပြီးတော့ အဲဒီလူကြောင့်မဟုတ်ရင်တောင် ကိုကိုဂျွန်းကိုအစ်ကိုထက်ပိုလာမှာမဟုတ်ဘူး အမြဲတမ်းကျွန်တော့်အတွက် စံပြအစ်ကိုကြီးတစ်ယောက်ဖြစ်ခဲ့တာ ကိုကိုဂျွန်းက..."ဆော့ဂျင် သူ့အစ်ကိုအပေါ်ခံစားချက်ရှိသွားပေမဲ့
သူကတော့မတူ ကိုကိုဂျွန်းကို အမြဲအစ်ကိုကြီးလို့ပဲ ခံစားခဲ့ရတာ သူ့ရင်ခုန်သံတွေက အစ်ကိုယွန်းဂီနဲ့မှအသက်၀င်လာတာ....ကိုကိုဂျွန်းကို အများကြီးချစ်ပြီးသဘောကျပေမဲ့
အဲဒါကအဖြူရောင်သက်သက်ပဲ မျှော်လင့်ချက်မပေးချင်ဘူး အားနာ၀မ်းနည်းရပေမဲ့ပေါ့....."မဟုတ်ဘူး မတောင်းပန်ပါနဲ့ ကိုယ်ကတောင်းပန်သင့်တာပါ မင်းကိုစိတ်ရှုတ်ထွေးအောင်လုပ်မိခဲ့ပြီမလား...."
အစထဲက အများကြီးမမျှော်လင့်ခဲ့တာမို့ ရင်ထဲအဆင်ပြေတယ်ထင်ရပေမဲ့ တကယ်တမ်းကျ နာကျင်ရတယ်
ချစ်ခြင်းမေတ္တာဆိုတာ ဖန်တီးယူလို့မှမရဘဲ
အသာလေးနောက်ဆုတ် လက်လျော့ပေးရုံအပြင်ဘာများတက်နိုင်ဦးမှာလဲ....