ရှင်ဂန်မင်းပြန်သွားတော့ ဂျောင်ကု သက်ပြင်းချပြီး ဆိုဖာပေါ်လှဲလိုက်တယ်....
ရှင်ဂန်မင်းကတော့ ရှင်ဂန်မင်းပါပဲ သူသိတာပေါ့ ရှင်ဂန်မင်းရဲ့ စိတ်ဓာတ်ကို
တကယ့်အကျပ်တည်းရောက်လာရင် ဘယ်သူ့ကိုမှမကြည့်ဘဲ ကိုယ်လွတ်ရုန်းမဲ့သူမျိုးဆိုတာသိသာနေတာပဲ ခုတော့ကြံဖော်ကြံဖက်လီဒါဟီးအပေါ်အပြစ်ပုံချပြီး တောင်းပန်သွားတယ်....ဒီလိုကောင်မျိုးကယုံလို့မရပေမဲ့ မေမေလေးမျက်နှာကရှိသေးသည်မဟုတ်လား...
အနည်းဆုံးတော့ ဒီလိုကောင်မျိုးကို ခြိမ်းခြောက်လို့ရတဲ့သက်သေတွေသူ့လက်ထဲရှိနေတာပဲ
အောင်မြင်မှူ ငွေကြေးကိုသေမလိုမက်မောတဲ့ကောင်က နာမည်တက်စအချိန်မှာ သူနဲ့အတူချောက်ထဲအတူခုန်ဆင်းမဲ့လမ်းကိုတော့ရွေးမှာမဟုတ်တာ သေချာတယ် အဲဒါကြောင့်အများကြီးတော့ မစိုးရိမ်မိဘူး ....
ဟူးးးး အစကရောက်ရောက်ချင်းအမြန်အိပ်လိုက်ဖို့တွေးထားပေမဲ့ ခုတော့စိတ်ရှူတ်ပြီး ကလေးငယ်ကိုပိုလွမ်းသွားပြီ ...ကို့အတွက်တော့ မင်းနဲ့အခြားအရာယှဥ်ရွေးရမဲ့ကိစ္စမျိုးရှိလာမယ်မထင်ဘူး ဆော့ဂျင်
မင်းက ကိုယ့်အတွက်ရွေးချယ်ရမဲ့ အရာမျိုးမဟုတ်ဘူး ကိုယ်ကမင်း မင်းကကိုယ် အဲဒီလိုခွဲခြားမရတဲ့ဖြစ်တည်မှူမျိုးပဲ မင်းကိုစောင့်ရှောက်ကာကွယ်ပေးချင်တယ် အမြဲထွေးပွေ့မြတ်နိုးချင်တယ် ပင်ပန်းလာတဲ့အခါ မင်းရင်ခွင်ထဲခေါင်းတိုးမှီတွယ်ချင်တယ်
မင်းရဲ့အရာရာတိုင်းကို ကိုယ့်တစ်ယောက်တည်းအပိုင်လိုချင်တယ်မင်းက ကိုယ့်အတွက်မရှိမဖြစ် အစိတ်အပိုင်းတစ်ခုလိုပဲ မင်းမရှိလို့မဖြစ်ဘူး အဲဒါကြောင့်ပဲ ကိုယ်မင်းအပါ်အများကြီးအတ္တကြီးခဲ့မိတယ်....
မင်းကိုဆုံးရှုံးရမှာကြောက်တယ် မင်းနဲ့ပက်သက်ရင်ကိုယ့်ခံစားချက်တွေကထိရှလွယ်လွန်းတယ် ကိုယ့်အတ္တတွေကြောင့် အရမ်းပင်ပန်းခဲ့ရလား ကလေးငယ်ရယ်.....3 နာရီထိုးခါနီးပြီဆိုပေမဲ့ အတွေးလွန်နေတဲ့ဂျောင်ကုတစ်ယောက်ကတော့ အိပ်မပျော်နိုင်ခဲ့....