တီ တီ တီ.....ဆိုဖာပေါ်စိတ်ပျက်လက်ပျက်လှဲနေတဲ့ ဂျောင်ကုတစ်ယောက် တံခါးဖွင့်သံကိုကြားလိုက်တာနဲ့ ချက်ချင်းတက်ကြွပျော်ရွင်သွားရသည်....
ဆော့ဂျင်ကျောင်းကပြန်လာမဲ့အချိန်ရောက်ပြီပဲ
တံခါး၀ကနေ သွားစောင့်ရမယ် လွမ်းလို့လူကအားတောင်မရှိတော့ဘူး...."၀ါးးးးး"
"အမလေး လန့်လိုက်တာ
ကူးကူးကဘာလုပ်နေတာလဲ တံခါးနောက်မှာ...."ဆော့ဂျင်အမေးကို ဂျောင်ကုအရင်မဖြေဘဲ လွမ်းနေရတဲ့ချစ်ရသူကို ခါးကနေစေ့ကနဲ ပွေ့ယူပြီး
ပခုံးပေါ် မေးတင်ကာ သိုင်းဖက်ထားလိုက်သည်...."ကူးးးးး"
"ငြိမ်ငြိမ်လေးနေကွာ မင်းကိုလွမ်းနေရလို့ အားတောင်မရှိတော့ဘူး ခဏအားပြန်ဖြည့်ရမယ်..."
ဂျောင်ကုစကားကြောင့် ဆော့ဂျင်လည်း ဘာမှထပ်မပြောတော့ဘဲ အကဲပိုနေတဲ့ လူကြီးကို ပြန်ဖက်ထားပေးလိုက်သည်....
"ရပြီ ကိုအားရှိသွားပြီ ကျေးဇူးပဲ ကိုယ့်ကလေးလေး ချစ်တယ်...."
"ချစ်တယ် ကူးကူး....."
ပြွတ်....
"အာ့ နာနေသေးတယ်လို့...."
"ဆောရီး ကလေးရာ ကိုယ်မေ့သွားလို့ ဖြည်းဖြည်းလေးနမ်းရင်တော့ရတယ်မလား...."
"မရဘူး သွား ဘယ်သူကြောင့်ဖြစ်ရတာမို့လို့လဲ ..."
အိမ်တံခါး၀မှာတင် သူ့ကိုအတင်းနမ်းချင်နေတဲ့ လူကြီးကို ဆော့ဂျင်ဟန့်ထားရသည်
နှုတ်ခမ်းဆူသွားတဲ့ ယုန်ဆိုးကြီးကိုတော့
မသိသလိုဟန်ဆောင်နေလိုက်ရတယ်
အလိုလိုက်လို့မရဘူးလေ နက်ဖြန်လည်းကျောင်းသွားရဦးမှာကို နှုတ်ခမ်းကလဲနာနေသေးတာ....."ဒါဆို ကလေးရေအရင်ချိုးမလား
ကိုယ်လိုက်ချိုးပေးမယ်လေ အဟင်းဟင်းးးး
ပင်ပန်းနေတာတွေသက်သာအောင် နှိပ်လည်းနှိပ်ပေးမယ်""ရူးနေလို့လား ဘာလို့ကူးကူးကလိုက်ချိုးပေးမှာလဲ ကျွန်တော်ငယ်ငယ်လေးတည်းကကိုယ့်ဘာသာချိုးလာတာပါနော်..."