ဂီဂီ .....
သူ့ကိုလှမ်းတွေ့တွေ့ချင်း အကျယ်ကြီးလှမ်းအော်ခေါ် ကာလက်ပြပြီးပြေးလာတဲ့ ဆော့ဂျင်က 13 နှစ်သာဆိုတယ် တကယ်ကလေးသေးသေးလေးလိုပဲ
တကယ်တမ်းကျ လူကသာမ၀လာတာ အရပ်ကြီးကထိုးမြင့်လာတာရယ် နောက်လေးငါးနှစ်ဆို သူ့ထက်ပိုမြင့်သွားလောက်တယ် ....ဘေးကခပ်ဖြည်းဖြည်းလျှောက်နေတဲ့ ဂျီမင်းကိုအတင်းဆွဲပြီး ခုန်ပေါက်ပြေးလာတဲ့ဆော့ဂျင်ကို
ယွန်းဂီ ကျောင်းရှေ့တံခါးနားကနေရပ်စောင့်နေလိုက်သည်..."ဘာလို့ပြေးလာတာလဲ အငယ်လေး သက်သက်မောအောင်လို့...."
"ဂီဂီ့ ကိုမြင်တော့ ပျော်သွားလို့လေ ဂီဂီကဘယ်ကိုလာတာလဲ...."
"အင်းးးဒီနားကိစ္စရှိလို့လာရင်း မင်းတို့ကို မတွေ့ရတာကြာလို့လေ..."
မင်းတို့ဆိုတဲ့ ယွန်းဂီ စကားကြောင့် ဂျီမင်း ပျော်သွားမိသည်...
အစ်ကိုယွန်းဂီက ဆော့ဂျင်ကိုအများကြီးဂရုစိုက်တယ်လေ ဆော့ဂျင်ကို အမြဲအားကျမိတယ်...
အစ်ကိုယွန်းဂီကို မြင်ရတာသဘောကျတယ်
ဆော့ဂျင်လိုမျိုး ဂရုစိုက်တာလည်းခံချင်မိတယ်...."ဂျီမင်း သွားစို့ ဂီဂီက မုန့်လိုက်ကျွေးမယ်တဲ့....."
ဆော့ဂျင် သူ့လက်ကိုဆွဲကာ အော်ပြောလာမှ အတွေးလွန်ပြီးယွန်းဂီကိုငေးနေတဲ့ ဂျီမင်း သတိပြန်၀င်လာတော့သည်...
"ဟင် အင်း ဟုတ်လား...."
ဆော့ဂျင်ကတော့ အစ်ကိုဂီယွန်းဂီကိုတစ်ဖက် ဂျီမင်းကိုတစ်ဖက် အလယ်ကနေလက်ချိတ်ကာ ခုန်ဆွခုန်ဆွလုပ်ပြီး မုန့်ဆိုင်ကို တန်းနေအောင်သွားတော့သည်....
...
"ချောကလက်ရေခဲမုန့် waffle ရော ဒီကိတ်ရော....."
မီနူးမှာ ပါသမျှအကုန်စားချင်နေတဲ့ ဆော့ဂျင်ကို ခုံအောက်ကနေလက်တို့ပြီး ဂျီမင်း သတိပေးနေခဲ့ပေမဲ့
အရာမရောက်....ကိုကိုဂျွန်းဆီက သူကြားခဲ့တာ အစ်ကိုယွန်းဂီက အချိန်ပိုင်းတွေလုပ်နေတာတဲ့
ကျောင်းတစ်ဖက်နဲ့ ပင်ပန်းနေမှာပဲကို အစားသရဲဆော့ဂျင်က အတင်းစွတ်မှာနေတော့တာလေ....