"ကျွန်တော်တို့ ခဏလောက်အချိန်ပြန်ယူရအောင်
ဒီ relationship ကိုခဏနားပြီး
အချိန်ယူသုံးသပ်ရအောင်လား..."
ဆော့ဂျင်ပြောလိုက်တဲ့စကားကြောင့် ဂျောင်ကုထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ်...
သူ့ကို ကလေးငယ်ကလမ်းခွဲဖို့ပြောနေတာတဲ့လား
ဟင်အင်း အဲဒီလိုမလုပ်နိုင်ဘူး...
မလုပ်ချင်ဘူး ကလေးငယ်ကျေနပ်တဲ့ထိတောင်းပန်မယ် ဟိုမိန်းမထပ်မနှောင့်ယှက်ရအောင် အခြားဘယ်သူမှသူတို့ကြားရောက်မလာအောင် ကြိုးစားမယ်
အရာအားလုံးကို ပြန်စချင်တယ် အရင်ထက်ပိုတိုးပြီးချစ်ပေးချင်တယ် သူတို့ကြားကဆက်ဆံရေးကို ဒီလိုကြီးမရပ်ပစ်နိုင်ဘူး....ရင်ခွင်ထဲက ကလေးငယ်က တိုးလျလျလေးပြောလိုက်တာဆိုပေမဲ့ အဲဒီစကားလုံးတွေကသူ့နှလုံးသားထဲဓားသွားအဖြစ်တိုး၀င်လာတယ်....
ခဏလောက် break time ယူတဲ့အချိန် ကလေးငယ်ကအခြားသူအပေါ်စိတ်ယိုင်သွားရင်ရော
ဒါမှမဟုတ် ကလေးငယ်ရဲ့နေ့စဥ်ဘ၀ထဲမှာ သူမပါဘဲကောင်းကောင်းဖြတ်သန်းနိုင်သွားရင်ရော...
တွေးကြည့်ရုံနဲ့တင် ရူးချင်လာတယ်
တောင်းပန်ပါတယ် ကလေးငယ်ပြောသလိုမလုပ်နိုင်ဘူး ကိုယ်ကြောက်တယ် ကိုယ်အတွေးတွေလွန်နေမိတာဖြစ်နိုင်ပေမဲ့ မင်းမပါဘဲရှေ့ဆက်ရမဲ့ အနာဂတ်ကိိုစိတ်ကူးနဲ့တောင် မသွားရဲဘူး ဆော့ဂျင်ရဲ့...."ဘာလို့လဲ ဘာလို့အဲဒီလိုလုပ်ရမှာလဲ ကလေးရဲ့
ကိုယ်အကုန်ဖြေရှင်းပေးပါ့မယ် ကလေးငယ်ဆီဘယ်လိုပြသာနာမျိုးမှထပ်မရောက်လာစေရဘူးနော်
ကတိပေးတယ် ကိုယ်တို့ဆက်ဆံရေးကိုတော့မရပ်ပစ်ပါနဲ့နော် မဟုတ်ဘူး လုံး၀မရပ်ဘူး ကိုယ်သဘောမတူဘူး ကိုယ်တောင်းပန်ပါတယ်ကွာ ..."သူ့စကားဆုံးတာနဲ့ အသဲအသန်ငြင်းဆန်တောင်းပန်နေတဲ့ ဂျောင်ကုကိုဆော့ဂျင်စိတ်ပျက်လက်ပျက်ကြည့်လိုက်မိတယ်....
သူနားမလည်နိုင်တဲ့ပုံစံတွေထပ်ပြလာပြန်ပြီပဲ ဒယ်ဒီက ဘာလို့သူ့ခံစားချက်ကိုထည့်မတွက်တာလဲ
ခဏလောက် break time ယူချင်တာက သူတို့ဆက်ဆံရေးကိုပိုပြီးခိုင်မာစေချင်လို့ toxic မဖြစ်စေချင်လို့ပဲမဟုတ်လား ...