အလွမ်းတွေကို ကုဖို့ဆေးမရှိ
အလွမ်းတွေအတွက် အစားထိုးစရာဖြေဆေးနတ္ထိ
မင်းပဲကုသနိုင်မှာ အချစ်ကလေးရေ>>>>
တစ်ပတ် ....
တစ်ပတ်ဆိုပေမဲ့ သူ့အတွက်တော့ တစ်နှစ်နဲ့မခြား...ခုဆို ကူးကူးနဲ့ မတွေ့ရတာတစ်ပက်တောင်ရှိပြီ
ပိတ်ရက်မှာ video call ပြောရင်း မျက်ရည်၀ဲခဲ့မိသေးတယ်
နေသားကျလာမှာပါလို့တွေးရင် နေသားမကျနိုင်ခဲ့တဲ့နေ့ရက်တွေပေါ့.....တီတီ.....
ဖုန်းထဲ message ၀င်သံကြားတာနဲ့ ဆော့ဂျင်အိပ်ယာပေါ်ခွေလှဲနေရာက ချက်ချင်းကုန်းထပြီး
စစ်ကြည့်မိတယ် ကူးကူးက အချိန်လုပြီးသူ့ဆီဆက်သွယ်ရတာမို့ တစ်စက္ကန့်လေးတောင် လွဲမသွားချင်........ကိုယ့်ကလေးလေး နောက်နာရီ၀က်နေရင်အစ်ကိုဂျယ်မင်းနဲ့တစ်နေရာလိုက်ခဲ့နော် ကိုယ်ပြောထားပြီးပြီ ကိုယ်အချိန်နည်းနည်းလေးရလို့ အပြင်မှာညစာစားကြမယ်.....
ရက်စ််စ်......
၀ါးးပျော်လိုက်တာ ကူးကူးကညစာအတူစားမယ်တဲ့ ခုပဲပြင်မှရတော့မယ် နာရီ၀က်ပဲအချိန်ရတာ
ခုဏကလူမမာလိုလို အရိုးပျော့လိုလိုခွေခေါက်နေတဲ့ဆော့ဂျင်ကတော့ စက္ကန့်ပိုင်းအတွင်း ရောဂါပျောက်သွားခဲ့ပြီ
ခုတော့အခန်းထဲမယ် မျက်နှာအမြန်ပြေးသစ်ပြီး အ၀တ်တွေရွေးနေတဲ့ တက်ကြွပျော်ရွှင်နေတဲ့ဆော့ဂျင်တစ်ယောက်သာရှိနေသည်....
အချစ်စွမ်းအားတွေ ကြီးမားလိုက်ပုံများ.....
...ညဘက်ဆိုတော့ ဒီမိုးပြာဆွယ်တာလေး၀တ်ရမလား ဒါမှမဟုတ်ပန်းရောင်ဟူဒီလား
ကုတ်အင်္ကျီနဲ့စမတ်ကျကျသွားရမလားအားးးးးမသိတော့ဘူးကွာ ဒီဆွယ်တာနဲ့ ကုတ်အရှည်ပဲ၀တ်သွားလိုက်တော့မယ်....
ရှိသမျှအ၀တ်တွေ ကပ်ကြည့်နေပေမဲ့ ဆော့ဂျင်စိတ်တိုင်းမကျ အချိန်လုပြီးတွေ့ရတဲ့ချစ်သူလေးရှေ့ အများကြီးကြည့်ကောင်းနေချင်တယ်လေ....
နောက်ဆုံးတော့ ရိုးရှင်းနွေးထွေးတဲ့အတွဲအစပ်လေးကိုသာ၀တ်ပြီး မှန်ရှေ့သွားရပ်လိုက်တယ်....