"ကျွန်မတို့ ကွာရှင်းရအောင်...."
"ဘာတွေလျှောက်ပြောနေတာလဲ ဟယ်ရင်းရယ် မဖြစ်နိုင်တာတွေမပြောပါနဲ့ ကိုယ်မင်းအပေါ်လွန်ခဲ့မိတာတွေအတွက်ကျေနပ်တဲ့အထိတောင်းပန်ပါ့မယ်
ကိုယ်တို့ မိသားစုလေးပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားကြမယ်လေ မင်းသဘောကျတဲ့ပင်လယ်တွေဆီအမြဲခရီးထွက်ကြမယ် ....""အဟတ် ရှင်ကရယ်ရတာပဲ ပျော်ပျော်ရွှင်ရွှင်တဲ့လား သီချင်းသံစဥ်တွေကိုချစ်မြတ်နိုးတဲ့ ကျွန်မကအခုသီချင်းမဆိုနိုင်တော့ဘူးလေ
ရှင့်ကြောင့်လေ ရှင်နှိပ်စက်လို့ ကျွန်မဒီလိုဖြစ်ခဲ့ရတာလေ ဘာလို့အပြစ်ကင်းတဲ့လူလိုမျိုး ပြောရဲရတာလဲ....""ကိုယ်မင်းကို သိပ်ချစ်ခဲ့လို့လေ အချစ်ကြီးရင်အမြတ်ကြီးတက်ကြတာသဘာ၀ပဲမဟုတ်လား
မင်းကိုယ့်စိတ်ကို မဆွခဲ့သင့်ဘူး မင်းရည်းစားဟောင်းကောင်နဲ့ နီးနီးကပ်ကပ်မရှိနေခဲ့သင့်ဘူး
အဲဒါဆို ကိုယ်မင်းအပေါ်ဒီလိုလက်ပါခဲ့မိမှာ မဟုတ်ဘူး....""တော်စမ်းပါ ရှင့်လိုအိမ်တွင်းအကြမ်းဖက်သမားဆီမှာနေရတာ သေလောက်အောင်မုန်းတီးနေပြီ ရှင့်ကိုဒီထက်ကိုပြီး မမုန်းခင် ကွာရှင်းပေးလိုက်စမ်းပါ....."
ခွမ်း ခလွမ်း...
ရှင်ကျွန်မကိုမထိနဲ့....
ကင်ဟယ်ရင်းးးးး ကိုယ့်ကိုယ်ဒေါသထွက်အောင်ထပ်မလုပ်ပါနဲ့....
>>>>>
ဟင်းးးးး
ဂျောင်ကု ဟထားတဲ့အိပ်ခန်းတံခါးကို ပြန်စေ့ပြီး အခန်းနံရံကိုမှီထိုင်လိုက်တယ်....
ဖေဖေနဲ့မေမေ ရန်ဖြစ်တာကအထူးအဆန်းမဟုတ်တော့တာမို့ ထွေထွေထူးထူး၀မ်းနည်းမိတာမျိုးတော့မရှိ သူတို့ဘာလို့ဒီလိုမျိုးဖြစ်နေရတယ်ဆိုတာကို နားလည်နိုင်တဲ့ အသက်အရွယ်မဟုတ်ပေမဲ့
ဒီလိုရန်ပွဲတွေကို သဘောမကျတာတော့သေချာသည်...7နှစ်အရွယ် ဂျောင်ကုဟာ သူ့အဖေအမေတွေရဲ့ မပြီးဆုံးနိုင်တဲ့ရန်ပွဲကိုနားစွင့်ရင်း အခန်း၀မှာခွေခွေကလေးအိပ်ပျော်သွားခဲ့တယ်.....