part ▪️31

1.9K 292 73
                                    

အိမ်မက်တွေဟာ ခမ်းနားတယ် လှပတယ်
အိမက်တွေဟာ အိမ်မက်တွေမို့ ပျော်စရာအပြည့်....

>>>>

"ဒီရက်ပိုင်းဘာတွေလုပ်နေတာလဲ ဂျောင်ကု
မင်းအွန်တိုင်းကနေ စျေးတွေအလွန်အကျွံ ၀ယ်နေတာလား ငါကြည့်နေတာ ဒီရက်ပိုင်း မင်းဆီပစ္စည်းလာပို့တဲ့ deli သမားတွေချည်းပဲ....."

"ဒီလိုပဲပေါ့ hyung ရာ ပျော်စရာတစ်ခုခုပေါ့
ပျော်စေချင်တဲ့ တစ်စုံတစ်ယောက်ကိို ပျော်အောင်လုပ်ပေးပြီး ကိုယ်ပါပျော်ရမဲ့ အစီစဥ်တစ်ခုခုပေါ့...."

လေကလေးတစ်ချွန် ချွန်နဲ့ စိတ်ပျော်နေပုံရတဲ့ဂျောင်ကုကတော့ မျက်ခုံးကလေးပင့်ကာ မရေမရာနဲ့ပြန်ဖြေပြီးထသွားသည်....

"မင်းးးငါ့ကားကိုယူသုံးဦးမှာတော့မဟုတ်ဘူးမလား...."

"ဟီးးးးခဏလောက်ပဲလို့ ဆော့ဂျင်ကိုသွားခေါ်ရုံလေးပဲလေ hyung ရာ..."

"သူ့ကို ဒီတိုင်းသူ့ဒရိုက်ဘာနဲ့လာခိုင်းလိုက်လို့ရတယ်လေ မင်းကသက်သက်ပိုကိုပိုတာ...."

"Hyung ဘာမှမသိပါဘူး ဘာလို့ဆို hyung က အချစ်ဆိုတာဂျိုနဲ့လားမေးနေရတဲ့ FAမို့လို့လေ...."

ဂျောင်ကုစကားကြောင့် ဂျေဟုပ် စားလက်စမု့န်ပါနင်သွားရသည်....
သူကျ လက်ရှိရည်းစားရှိတာမဟုတ်ဘဲနဲ့ အသက်မပြည့်သေးတဲ့ ကလေးကိုထိုင်စောင့်နေပြီးတော့များ
လူကိုနှိမ်ရသေးတယ် မကောင်းတဲ့ကောင် ငါရည်းစားရမှလက်စားချေပြမယ် ....

>>>>>

"ကူးကူး ဘယ်သွားမှာလဲဟင်....
ဘယ်နေရာလဲလို့....."

"ဟင်အင်း မပြောဘူး မပြောပြချင်ဘူး...."

အိမ်ကထွက်လာတည်းက သူ့လက်မောင်းကိုဖွဖွပုတ်ရိုက်ပြီးဆက်တိုက်မေးနေတဲ့ ဆော့ဂျင်ကို ဂျောင်ကု တမင်ပြန်မဖြေဘဲစနေမိသည်....

မေးတာမဖြေတဲ့သူ့ကို နှုတ်ခမ်းဆူပြီး လာစိုက်ကြည့်နေပုံက စိတ်ဆိုးနေတဲ့ခွေးပေါက်ကလေးကျနေတာပဲ....
အကောင်လိုက် မျိုချပစ်ချင်စရာ....

"ကူးကူးကိုကြည့်မရတော့ဘူး....."

"မင်းဂိမ်းတွေတအားဆော့လို့မျက်လုံးမှုန်သွားတာလား... "

DEVIL Gardener.....(complete)Tempat cerita menjadi hidup. Temukan sekarang