ကျောင်းပိတ်ရက်တွေ တစ်ခါပြန်ရောက်လာခဲ့ပြန်ပြီ
ဆော့ဂျင်အတွက်တော့ ဒီစာသင်နှစ်က အမှတ်တရတွေ ပျော်ရွှင်မှူတွေ ပထမဆုံး စတင်ခဲ့တဲ့ အသစ်အဆန်းအတွေ့အကြုံတွေ
ဖွင့်ဟ၀န်ခံခဲ့တဲ့ ခံစားချက်တွေနဲ့ အမှတ်တရများစွာရှိခဲ့တဲ့ နှစ်တစ်နှစ်ပေါ့.....ဒီရက်ပိုင်းမှာတော့ စာကိုအာရုံစိုက်နေရတာမို့ ရည်းစားကိုတောင်အသဲအသန်လွမ်းဖို့ တီတီတာတာလုပ်ဖို့အချိန်မရှိခဲ့....
ဒါပေမဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ရည်းစားကတော့ ရှူးဂါးဒယ်ဒီပီပီ စာမေးပွဲဖြေခါနီးနဲ့ ဖြေနေတဲ့ရက်တိုင်း အားဆေးတွေ အားရှိမဲ့အစားအစာတွေကို လက်ရေးစာတိုကလေးတွေနဲ့အတူ တစ်နေ့တစ်မျိုးမရိုးအောင်ပို့ပေးခဲ့တယ်လေ....
အရမ်း ရိုမန့်တစ်ဖြစ်တယ်မလား
လူချင်းမတွေ့ရပေမဲ့ စိတ်ချင်းကတော့ တစ်နေတခြားနီးလာတယ်
ကူးကူးကိုတော့ မနေ့ကထက်ဒီနေ့ ပိုပိုပြီးချစ်လာရတာပဲ...ဒါတောင် စာမေးပွဲမဖြေခင်တစ်ရက်အလိုတုန်းက အိမ်ကို ခဏလာပြီး အားပေးသွားသေးတယ်...
ပြီးတော့ စာမေးပွဲပြီးတာနဲ့ အခန်းကိုလာခဲ့တဲ့ အဲဒါကြောင့် ပိတ်ရက်မှာကူးကူးဆီသွားနေမလို့လေ.....
သူကစာတော်တဲ့ ထိပ်တန်းကျောင်းသားထဲမပါပေမဲ့
စာမေးပွဲကို ကောင်းကောင်းဖြေနိုင်လို့တော်ပါသေးတယ် ခဏတာ စိတ်လွတ်လပ်ပေါ့ပါးသွားရတယ် ကူးကူးသာဘေးနားရှိနေရင်တော့ ပိုဖြေနိုင်မှာ
ရည်းစားဆီက အာဘွားတွေရရင် စိတ်ပျော်ပြီး စာတွေကို ကောင်းကောင်းလေ့လာနိုင်မှာလေ
စတာပါ.....
ကူးကူးက အလယ်တန်းအထက်တန်းတုန်းကဆို အမြဲထိပ်ဆုံးပဲလေ ဘေးမှာရှိရင်အကူညီရတာပေါ့...."ဆော့ဂျင်လေး မင်းဖေဖေက အပေါ်ထပ်စာကြည့်ခန်းထဲကိုလာခဲ့ပါတဲ့....."
ဆော့ဂျင် ကျောင်းကပြန်ရောက်ရောက်ချင်း ဂျောင်ကုဆီသွားဖို့ခြေလှမ်းပြင်နေတုန်း ဖေဖေကခေါ်ခိုင်းတာကြောင့် အရင်သွားတွေ့ရသည်....
ပုံမှန်ဆိုရင်တော့ ဖေဖေက သူ့ကို ဒီလိုသီးသန့်ခေါ်တွေ့တာမျိုးမရှိဖူးဘူးလေ ကိစ္စတစ်ခုခုရှိနေတာများလား နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်....