"ထယ်ယောင်းးးးး..."
"ဘာလဲဆော့ဂျင် မင်းထယ်ယောင်းနဲ့ဘယ်သွားမလိို့လဲ...."
ကျောင်းရှေ့လာစောင့်နေတဲ့ ထယ်ယောင်းနဲ့ တရင်းတနှီး ပြုံးပြနှုတ်ဆက်ပြီး ထယ်ယောင်းဆီလျှောက်သွားတဲ့ ဆော့ဂျင်ကိုဂျီမင်းနားမလည်သလိုကြည့်နေမိသည်....
...သူတို့ဘယ်တုန်းက အဲဒီလောက်ရင်းနှီးသွားကြတာလဲ ငါပြိုင်ပွဲအတွက်ခွင့်ယူတဲ့ရက်တွေမှာ ခင်သွားကြတာများလား....
"ရားးးးဆော့ဂျင် မေးနေတာကိုအရင်ဖြေလေ ဘယ်သွားမလို့လဲ...."
"ထယ်ယောင်းတို့အဒေါ်အိမ်သွားမလို့ ဟင်းချက်နည်းစာအုပ်တွေအများကြီးပဲ ငါအရင်ပတ်က မင်းကျောင်းမလာတဲ့ရင်တုန်းကရောက်သွားသေးတယ် ဆောရီးငါမပြောပြမိဘူး မင်းလည်းပြိုင်ပွဲအတွက်အလုပ်ရှုတ်နေခဲ့လို့လေ...."
သူ့ကိုပြုံးပြနှုတ်ဆက်သွားတဲ့ ထယ်ယောင်းကိုတောင်
ဂျီမင်းပြန်ပြုံးမပြနိုင်ခဲ့....ဆော့ဂျင်ဘာတွေတွေးပြီး ဘာတွေလုပ်နေတယ်ဆိုတာ ခုထိသူနားမလည်နိုင်သေးဘူးလေ
တကယ်ဆို သူ့လူကြီးဒီလောက်အူတိုတက်တာသိရက်နဲ့ ကိုယ့်ကိုကြိုက်နေတဲ့သူနဲ့ ရင်းရင်းနှီးနှီးနေဖို့ ဆော့ဂျင်ဘယ်လိုများတွေးရဲခဲ့တာလဲ ....
>>>>
"ထယ်ယောင်း ကြက်ဥက 3လုံးမလား...."
"ဟုတ် အကာတွေသပ်သပ်ဖယ်ထားနော် အနှစ်ပဲလိုချင်တာ....."
"အင်းးးနားလည်ပြီ...."
ဆော့ဂျင် ထယ်ယောင်းတို့အိမ်ကိုလိုက်လည်ပြီး စားစရာတွေအတူချက်ခဲ့တာ ခုဆို2ကြိမ်မြောက်ပေါ့
ဘယ်လိုဖြစ်ပြီးရုတ်တရက် ဒီလိုရင်းနှီးသွားရတာလဲဆိုရင်တော့ လုံလောက်တဲ့ အကြောင်းပြချက်တွေအများကြီးရှိတယ် ....
ထယ်ယောင်းတို့ မိသားစုမျိုးရိုးစဥ်ဆက်က စားဖိုမှူးမျိုးရိုးတွေ စားသောက်ဆိုင်လုပ်ငန်းနဲ့ပဲအသက်မွေးလာခဲ့ကြတာ....အစားအသောက်ချက်ပြုတ်တာနဲ့ ပက်သက်ပြီး အခွေခံဗဟုသုတတွေက ထယ်ယောင်းနဲ့အကျွမ်းတ၀င်ရှိနေပြီးသား ...
ထယ်ယောင်းကိုယ်တိုင်က လိုလိုလားလား ပြောပြပြီး အတူချက်ပြုတ်ချင်ခဲ့တာလေ...
KAMU SEDANG MEMBACA
DEVIL Gardener.....(complete)
Fiksi PenggemarTaejinkook Dark Drama just my imaginary 🖤