"ဆော့ဂျင် ကိုယ့်ဖုန်းတွေ့မိလား ခုလေးတင်ဒီမှာတင်ထားလိုက်တာကို...."
"ကူးကူးအထားမှားတာနေမှာပေါ့ ၀ိုင်းကူရှာပေးမယ်...."
အမြဲ သူ့ရည်းစား ပုံမှန်ဖုန်းဆက်တက်တဲ့အချိန်တိုင်း ဖုန်းကပျောက်ပျောက်နေတာ
အစတော့ မရေမရာနဲ့ ငါအရမ်းမေ့တက်လာတာလားလို့ တွေးခဲ့မိတာ နောက်မှတရားခံက
ဆော့ဂျင်ဖြစ်နေခဲ့တာလေ တကယ်လူဆိုးကောင်လေးပဲ
မကြာပါဘူး ဖုန်းမကိုင်တဲ့ပြသာနာကြောင့် အဲဒီရည်စားနဲ့လည်းပြတ်တာပဲ သိတဲ့အတိုင်းမိန်းကလေးတွေကရစ်မယ် ဘာညာပေါ့ သူကလည်းအဲလောက်အာရုံနောက်ခံမဲ့လူမှမဟုတ်တာ......"ကူးကူးးးဗိုက်အောင့်တယ်...."
"ဟင် ဘာဖြစ်တာလဲ မတည့်တာတွေစားလိုက်တာလားမဖြစ်ဘူး ဆေးခန်းသွားရအောင်..."
"ဟင်အင်းးးးဒီတိုင်းနေရင်ပျောက်သွားမှာ ကူးကူးဘယ်မှမသွားနဲ့....."
ဆော့ဂျင်ကလေ သရုပ်ဆောင်လည်းသိပ်ကောင်းတာ
သူစတိုင်ကျကျ၀တ်ပြီး ကောင်မလေးတွေနဲ့ ဒိတ်မယ်ဘာညာစီစဥ်တိုင်း တစ်မျိုးမဟုတ်တစ်မျိုး နေမကောင်းဖြစ်တော့တာပဲ
အစကတော့ လူကပျာယာခက်ပြီးစိတ်ပူရတာပေါ့
နောက်မှ သင်းကလေး မူယာမာယာများနေမှန်းသိရတယ်....
ဒါလည်း ဆော့ဂျင်ကို စိတ်ဆိုးလာမေးရင် လုံးဝပါပဲ အစတည်းက ဆော့ဂျင်ကသူ့ရဲ့ပထမဦးစားပေးဖြစ်နှင့်ပြီးသားပဲလေ...."ဂျောင်ကု _shi
ကုမ္ပဏီရောက်ပြီလေ....""ဟမ် အင်းးးရောက်ပြီလား .."
ကားပေါ်မှာ ငယ်ငယ်ကဆော့ဂျင်နဲ့သူ့အကြောင်းတွေပြန်စဥ်းစားနေတာနဲ့ ကုမ္ပဏီရောက်လာတာတောင်မသိလိုက်....
ခေါင်းကိုနောက်မှီထားပြီး နဖူးပေါ်လက်တင်ရင်း
အတွေးများကာ ပြုံးစိစိဖြစ်နေတဲ့ သူ့ပုံစံကအရူးနဲ့တူနေမလားဘဲ....ခုဏကမတော်တဆ အနမ်းအကြောင်းမတွေးမိအောင်အာရုံလွှဲခဲ့ပေမဲ့ ဆော့ဂျင်ငယ်ငယ်ကအကြောင်းပဲထပ်တွေးမိပြန်တယ်....
သေချာပြန်စဥ်းစားကြည့်ရင် ဆော့ဂျင်လည်းသူ့ကိုဆို ငယ်ငယ်တည်းကအူတိုတက်ခဲ့တာပဲ...
သူရည်းစားထားတိုင်း သင်းကလေးကအမွှေစိန်လုပ်ပြီး လိုက်နှောင့်တက်တာ...