"...ဆော့ဂျင်နီးလေးကို ချစ်လိုက်တာ..."
"အာ ဒယ်ဒီကလည်းဖယ်ပေး မဖက်ထားနဲ့တော့ ဒီမှာခေါင်းဖြီးမလို့ဆို...."
မှန်တင်ခုံရှေ့ထိုင်နေတုန်း နောက်ကနေအတင်းလာသိုင်းဖက်ထားတဲ့ ဂျောင်ကုလက်တွေကို ဆော့ဂျင်တွန်းထုတ်လိုက်တယ်
သို့သော် သန်မာတဲ့ကြွတ်သားအပြည့်နဲ့ လက်မောင်းတွေကနည်းနည်းမရွေ့မသွားခဲ့
သူ့ကို တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားဆဲပင်..."ဟမ်းးးဘာလို့လဲ ဘာလို့ဒီလောက်ပြင်ဆင်နေရတာလဲ ဘယ်သူ့ကိုအလှပြမလို့လဲ...."
"ဒယ်ဒီကတော့ ရန်လာစနေတာလား မေမေဟယ်ရင်းနဲ့ ကျွန်တော့်မိဘတွေကို သွားတွေ့မှာလေ ဘယ်သူနဲ့တွေ့ရမှာလဲ သပ်သပ်ရပ်ရပ်တော့ပြင်ရမှာပေါ့ အားးတကယ်ရူးချင်လာပြီ ဖယ်တော့လို့ မဟုတ်ရင်နောက်ကျလိမ့်မယ် ခရီးကနီးနီးလေးလည်းမဟုတ်ဘဲနဲ့...."
ဆော့ဂျင်မိဘတွေရဲ့ မွေးရပ်မြေတစ်ဖြစ်လဲ ဂျောင်ကုမေမေနောက်ဆုံးရှိခဲ့တဲ့ အဲဒီရွာငယ်လေးကို ဒီနေ့ သွားကြမှာမို့ အိပ်ယာစောစောထခဲ့ကြပေမဲ့
ဂျောင်ကုကလိုက်နှောင့်ယှက်နေတာကြောင့် ဆော့ဂျင်စိတ်ဆိုးတော့မဲ့ပုံစံဖြစ်နေတယ်..."ဒယ်ဒီ တကယ်ကြီးစိတ်ဆိုးအောင်လာလုပ်နေတာပဲ ဖယ်ဆိုဗျာ ဘာမှန်းမသိဘူး ..."
"ကိုယ်မင်းကို သိပ်ချစ်တာပဲ....'
"အွန်းးးသိတယ် နေ့တိုင်း အချိန်တိုင်းပြောနေတာလေ...."
"အဟင်းးးးကိုယ့်ယောကျာ်းလေးက ချစ်စရာကောင်းလိုက်တာ..."
"လက်ထပ်ရသေးလို့လား ဟမ်းးးလူကိုပိုင်စိုးပိုင်နင်းနဲ့ ..."
"မသိဘူးကွာ ကလေးကကိုယ့်အပိုင်ပဲ ဒီတိုင်းတစ်သက်လုံးကလေးဘေးနေသွားမှာ..."
အရင်ကလဲ အနားရှိတိုင်း သူ့ကိုထိတို့ကာ ချွဲနေကဲနေကြဆိုပေမဲ့ ဒီမနက်ပိုဆိုးနေတဲ့ ဒယ်ဒီ့ကိုသူစိတ်မရှည်ချင်တော့ ...
ခရီး၀ေး ကားမောင်းရမှာမို့ အိမ်ကနေစောစောထွက်ချင်မိတယ် ကားကိုဒယ်ဒီကိုယ်တိုင်မောင်းရမှာလေ
အစ်ကိုဂျယ်မင်းက အရင်ပတ်တည်းကခွင့်ယူပြီးပြန်သွားခဲ့တာ လက်ထပ်တော့မှာမို့တဲ့ ဇာတိကသူ့အမေသဘောတူတဲ့ အမျိုးသမီးလေးနဲ့တဲ့လေ
ခုခေတ်မှာ အဲဒီလိုမျိုးလက်ထပ်တဲ့သူတွေလည်း ရှိသေးတာပဲ....