"သားငယ် ဘယ်သွားမလိို့လဲ အပေါ်ထပ်ကိုဖေဖေနဲ့ခဏလိုက်ခဲ့ ဖေဖေပြင်ဆင်ပေးထားတာလိုက်ကြည့်ဦး ....""ဗျာ...."
ကူးကူးကို တွေ့ဖိို့သွားဖို့အောက်ဆင်းလာ ဧည့်ခန်းမှာဖေဖေကရှိနေခဲ့တယ်လေ ခုအပေါ်ထပ်အရင်ပတ်ကပြန်ပြုပြင်ထားတာကိုပြမလို့တဲ့ ဘယ်လိုလုပ်ရမလဲ
ဖေဖေ့ကိုရော ဘယ်လိုမျိုးငြင်းရမလဲ....
ရွေးချယ်စရာမရှိဘူးပဲ.....ဆော့ဂျင် မျက်နှာမအီမသာနဲ့ သူ့အဖေနောက်လိုက်သွားရတော့သည်....
ကူးကူးနဲ့ရည်စားထားတာကို ဖေဖေတို့မသိခဲ့ရင်ကောင်းမှာ ခုတော့ နေရတာမသက်မသာဖြစ်ရတယ် ဖေဖေ နဲ့ မေမေလေးက ဒီကိစ္စနဲ့ပက်သက်ပြီး ဘာမှစကားစမမေးတော့ ပိုဆိုးသလိုပဲ ...
ခုလိုမသိချင်ဟန်ဆောင်နေပေးမဲ့အစား ဆူငေါက်လိုက်ရင်တောင်ပိုကောင်းဦးမယ် ဟူးးးး...."ဆော့ဂျင် အဆင်ပြေလားကြည့်ဦး ဒါသားအတွက်အခန်းသစ်ပဲ အရင်ခန်းထက် 2ဆကျယ်တယ်
သားငယ်အကြိုက် မိုးပြာရောင်နဲ့ ပန်းရောင်သုံးပေးထားတာ နံရံတွေကို ကုတင်အကြီးထားပေးထားတယ် အဟမ်းးးသားအစ်ကိုလည်း အားတဲ့ရက်တစ်ခါတစ်လေ လာနေချင်နေပစေပေါ့ အပေါ်ဆုံးထပ်မှာက ဒီတစ်ခန်းပဲရှိတာဆိုတော့ အေးအေးဆေးဆေးအနားယူလို့ရတယ်လေ......"
...ဘာလဲ ဖေဖေက သူတို့2ယောက်အတွက် တွေးပြီးအခန်းသစ်ပြန်ဖွဲ့ပြင်ဆင်ပေးခဲ့တာလား....
ငိုတောင်ငိုချင်လာပြီ သူ့နဲ့ကူးကူးကိုမကန့်ကွက်တာနဲ့တင် ကျေးဇူးတင်အားနာနေခဲ့ရတာ
ခုဘယ်လိုလုပ်ရမလဲ ဒီအခြေအနေမှာ သူ့စိတ်တွေ အရမ်း emotional ဖြစ်နေပြီ ...."ဖေဖေ ...."
ဆယ်ကျော်သက်ရောက်လာပြီးထဲက မပွေ့ဖက်ဖြစ်တော့တဲ့ ဖေဖေ့ကျောပြင်ကို ဆော့ဂျင်နောက်ကနေဖက်ထားမိတယ်....
အနေစိမ်းခဲ့ပေမဲ့ ဖေဖေက သူ့အပေါ်ခုထိ လေသံမာမာတောင်အသုံးခဲ့ဖူးဘူးး
မိဘအရင်းတွေ မရှိခဲ့ပေမဲ့ ဒီလိုမျိုးမိသားစုထဲရောက်လာလို့တော်ပါသေးတယ် ကောင်းကင်ကဖေဖေနဲ့မေမေလည်း ကျေနပ်ပျော်ရွှင်နေလောက်မှာပေါ့နော်......
KAMU SEDANG MEMBACA
DEVIL Gardener.....(complete)
Fiksi PenggemarTaejinkook Dark Drama just my imaginary 🖤