part ▪️32

1.9K 287 47
                                    

ကိုယ်ပျောက်ဆုံးနေတဲ့ နံရိုးတစ်ချောင်းကို ကိုယ်ဟာရှာတွေ့
ကိုယ့်ရဲ့နံရိုးမဖြစ်ချင်တဲ့ အဲဒီလူသားကလေးကိုကိုယ်ဟာရှာတွေ့..... Jh

>>>>

"၀ါးးးပါဖောမန့်ကြီးက အလန်းစားပဲဟေ့ ကင်ယူမီကလည်းရှယ်မိုက်တယ်
ဆော့ဂျင် မင်းအစ်ကို ဂျပန်မှာဖျော်ဖြေတဲ့ပွဲကအမိုက်စားပဲနော် ကြည့်ပြီးပြီလား....."

"တော်ပြီ....."

"ကြည့်စမ်းပါ အရမ်းမိိုက်တယ် ဒီမှာတစ်ချက်ကြည့်ကြည့်လိုက်.....
အရင်ကဆို အစ်ကိုဂျောင်ကုနဲ့ပက်သက်ရင်တက်ကြွနေတဲ့ကောင်ကဘာဖြစ်ရပြန်တာလဲ ...."

တကယ်တော့ဆော့ဂျင် ဒီနေ့ဖျော်ဖြေပွဲကိုကြည့်ဖို့စိတ်ကူးမရှိသေး အရင်နေ့ကပွဲတွေကိုအမြဲစောင့်ကြည့်ခဲ့ပေမဲ့....
ဒီနေ့ ကင်ယူမီနဲ့တွဲပြီး ဖျော်ဖြေမယ်ဆိုလို့ ကြည့်ဖို့တွန့်ဆုတ်နေမိတာ....
ဒါကို အလိုက်မသိတဲ့ ဟီဆွန်းကဘေးကနေ အကျယ်ကြီးအော်ပြီး သူ့ဖုန်းကိုလာပြနေတယ်လေ...

ဆော့ဂျင်လည်း ထမင်းကုန်အောင်မစားဘဲ ကန်တင်းကထလာပြီး သူ့စားပွဲပေါ်မှောက်အိပ်နေလိုက်တယ်....
ကူးကူးနဲ့နောက်ဆုံးတွေ့ခဲ့ရတာ ဂျပန်မသွားခင်တစ်ရက်ကဆိုပေမဲ့ 15 မိနစ်တောင်မပြည့်ဘူး မင်းမျက်နှာလေးလာကြည့်တာပြောပြီး ခဏလေးနဲ့ပြန်သွားခဲ့တာ.....
လွမ်းတယ် တွေ့ချင်တယ် ကူးကူး ကင်ယူမီနဲ့အတူရှိနေတာလည်းသဘောမကျဘူး အင်တာဗျူးတွေမှာ ကူးကူးကိုသဘောကျကြောင်းအမြဲထည့်ပြောနေတဲ့
အဲဒီမိန်းမကြီးကိုလည်း သဘောမကျဘူး....

"ဘာဖြစ်နေတာလဲ လွမ်းးဖျားလွမ်းနာကျနေတာလား မင်းပုံစံကငါ့ထက်တောင်ဆိုးနေပြီပဲ
ဘယ်လိုလုပ်မလဲ မင်း ချစ်တက်နေပြီထင်တယ်"

သူ့စိတ်တွေအဆင်မပြေရကြားထဲ ဘေးကဂျီမင်းကပါ လောင်စာလာထည့်နေတယ်...

"တိတ်တိတ်နေစမ်းပါ....
မင်းကရော ကန်တင်းတောင်မသွားနိုင်ဘဲ ဘာလုပ်နေတာလဲ....."

"စီနီယာတွေရဲ့ ပြိုင်ပွဲ video တွေပြန်ကြည့်နေတာလေ ပြန်လေ့လာနေတာ...."

DEVIL Gardener.....(complete)Tempat cerita menjadi hidup. Temukan sekarang