ဆံပင်အ၀ါဖျော့ဖျော့ဆိုးထားတဲ့ သူ့ရှေ့ကကောင်လေးကို ဂျီမင်း သတိလက်လွတ်ငေးကြည့်နေမိတယ် အဲဒီကောင်လေးကတော့ ကိုကိုဂျွန်းရဲ့လက်မောင်းကိုအားကိုးတကြီးကိုင်ထားပြီး ကိုကိုဂျွန်းခန္တာကိုယ်နောက်ကနေ သူတို့မိသားစုကိုမချင့်မရဲကြည့်နေခဲ့တယ်....
ဒါက ကိုကိုဂျွန်းသူ့အတွက်ပေးတဲ့ surprise ပါတဲ့ သူကိုယ်တိုင်လည်းတကယ်ပြောမပြတက်လောက်အောင် surprise ဖြစ်ခဲ့ရတယ် အခု သူရှေ့မှာရှိနေတဲ့ အဲဒီကောင်လေးကသူ့အမွှာညီလေးတဲ့လား ဒီလောက်နှစ်တွေကြာပြီးမှ သူ့မှာအမွှာရှိသေးတာကို သိရတာပဲ
အဲဒီလိုဆိုပေမဲ့ ကလေးဘ၀မှတ်ဥာဏ်တွေထဲ သူနဲ့အတူဆော့ကစားပြီး သူနဲ့အမြဲအတူရှိခဲ့တဲ့ ကလေးတစ်ယောက် ကို ၀ေ၀ေ၀ါး၀ါးမှတ်မိနေခဲ့တယ်....ဒါဆိုအဲဒါက အခုသူရှေ့ရောက်နေတဲ့ သူ့ညီလေးပဲပေါ့....
"ဂျီ၀ူးလေး ဒီကိုလာထိုင်လေ ဒါကဂျီမင်းလေးရဲ့မိသားစုဟုတ်သလို သားလေးရဲ့မိသားစုဆိုလည်းဟုတ်တယ် အားလုံးကမိသားစုတွေပဲ
ဘာမှမကြောက်နဲ့နော်....."မေမေက နည်းနည်းရှိန်နေပုံရတဲ့ သူ့ညီလေးကိုအပြုံးချိုချိုလေးနဲ့ပြုံးပြပြီးသက်တောင့်သက်သာဖြစ်အောင်ပြောပေးနေတယ်....
သူအဲဒီကောင်လေးဆီ တစ်လှမ်းချင်းတိုးကပ်သွားမိတယ် အနီးကပ်လာလေ သူနဲ့ရုပ်ချင်းချွတ်စွတ်နီးပါးတူတာကို ပိုသိလာလေပဲ
အမွှာဆိုပေမဲ့ ရုပ်ချင်းအရမ်းမတူတာမျိုးလည်းရှိတက်ကြတယ်မဟုတ်လား
သူတိို့နှစ်ယောက်ကတော့ တကယ်တူတာ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိတိုင်း မှန်ကြည့်နေရသလိုပဲဖြစ်နေလိမ့်မယ်...ဆံပင်အ၀ါဖျော့ဖျော့နဲ့ ဆံပင်နက်နက်ကလေးတွေရယ် သူ့မျက်နှာကပိုရင့်ကျက်လူကြီးဆန်သယောင်ဖြစ်နေပြီး ဂျီ၀ူးကကလေးပေါက်စလိုအမူအကျင့်တွေပိုများပုံရတာကလွဲရင် ကျန်တာဘာမှမကွာဘူး အရပ် လူကောင် ရုပ်ရည်အားလုံး 98 ရာခိုင်နှုန်းလောက်တူနေခဲ့တာ....
သူအနားရောက်လာတော့ ကိုကိုဂျွန်းကသူ့လက်မောင်းပေါ်ကဂျီ၀ူးလက်ကိုအသာဖယ်ပြီး ဆိုဖာပေါ်သွားထိုင်လိုက်တယ် သူတို့2ယောက်ကိုအေးဆေးတွေ့စေချင်တာထင်ပါတယ် ဂျီ၀ူးကတော့မလွှတ်ချင်လွှတ်ချင်နဲ့လွှတ်ပေးလိုက်ရပုံပဲ