part ▪️73

1.4K 187 20
                                    

"ထယ်ယောင်း  မင်းအဆင်ပြေရဲ့လား
နေမကောင်းဘူးဆို..."

"ဘယ်လိုရောက်လာလာတာလဲ  Jin hyung 
ဟို ကျွန်တော်က အဆင်ပြေပါတယ်...."

ဒယ်ဒီ့စကားကို   နားမထောင်တာရယ်တော့ မဟုတ်ပါဘူး  ဒါပေမဲ့
အစ်ကို j hope ကို   ထယ်ယောင်းဆီသွားတွေ့မယ်ပြောခဲ့ပြီးသားမို့   ကိုယ့်စကားနဲ့ကိုယ်မဖျတ်ချင်  အဲဒါကြောင့်ရောက်အောင်လာခဲ့မိတယ်....
ဒယ်ဒီကတော့  အလုပ်ရှိသေးတာမို့ပြန်သွားပြီလေ
ကတောက်ကဆဖြစ်ခဲ့ပေမဲ့   ပြန်ခါနီးဒယ်ဒီ့ကိုနမ်းပြီးနှုတ်ဆက်ရင်းပြန်ချော့လိုက်တာမို့   အဆင်ပြေလောက်မှာပါ   ဘာပဲပြောပြောသူ့ကြာင့်နဲ့  ဒယ်ဒီအတွေးလွန်  ၀မ်းနည်းသွားမှာမလိုချင်ဘူးလေ  တစ်ခါတစ်လေ  ညမရည်ရွယ်ဘဲဖြစ်သွားတက်ပေမဲ့လည်းပေါ့.....

သူရောက်လာတာကို  ထယ်ယောင်းကအံ့သြနေပုံပဲ
လူကတော့   ပုံမှန်အကောင်းတိုင်းပါပဲ   မျက်နှာကလေးနွမ်းဖျော့နေတာကလွဲရင်ပေါ့
အစ်ကို ဂျေဟုတ်ပြောသလို  စိတ်ကြောင့်ပဲဖြစ်မှာပါ
အမေကိုစိတ်ပူပြီး  အိမ်လွမ်းနေတာထင်တယ်.....

"ငါမင်းအတွက်  စားစရာ၀ယ်လာပေးတယ် ထယ်ယောင်း  အားရှိအောင်ကောင်းကောင်းစားသင့်တယ်..."

"ကျွန်တော့်ကြောင့်ပင်ပန်းရပြီ   ကျေးဇူးတင်ပါတယ်  hyung... "

"အင်းးးးအမေကိုသတိရရင်ခဏပြန်လည်လိုက်ပေါ့ 
ထယ်ယောင်းအမေကိုကြည့်ရတာ   သန်မာပြီးကိုယ့်ကိုယ်ကိုဂရုစိုက်တက်တဲ့ပုံမျိုးပဲ    အဲဒါမို့အရမ်းအတွေးလွန်ပြီးစိတ်ပူမနေပါနဲ့   မင်းပဲစိတ်ပင်ပန်းရတာပေါ့   ..."

"ကျွန်တော့်မှာ  တွယ်တာစရာကမေမေပဲကျန်တာ  hyung ရဲ့...."

"အဲဒီလိုမတွေးနဲ့လေ  ထယ်ယောင်းရ  မင်းအဒေါ်တွေဦးလေးတွေလည်းရှိတယ်  သူတို့လည်းမင်းကိုချစ်ကြပုံပါပဲ
အစ်ကိုဂျေဟုတ်ဆိုလည်း  မင်းကိုဒီလောက်ဂရုစိုက်တာ  ခုတောင်သူပြောလို့သိရတာ 
မိဘကိုတော့   အခြားသူတွေနဲ့ယှဥ်လို့မရတာသိပေမဲ့
မင်းမှာတွယ်တာစရာဆွေမျိုးရင်းချာတွေရှိပါသေးတယ်   မင်းလိုပြောကြေးဆို  ငါကလုံး၀တစ်ကောင်ကြွတ်ဖြစ်နေတာလေ...."

DEVIL Gardener.....(complete)حيث تعيش القصص. اكتشف الآن