"ဘာတွေဖြစ်နေကြတာလဲ...."
သူနဲ့ဒယ်ဒီ့ကြား အခြေအနေတင်းမာနေချိန် အခန်းထဲ၀င်လာတဲ့ ဂီဂီနဲ့ ဂျီမင်း....
ရုတ်တရက်ထွက်လာတဲ့ ဂီဂီ့အသံကြောင့် ဒယ်ဒီကအံသြသွားပုံပဲ....ဂျီမင်းကတော့ စိုးရိမ်နားမလည်ဖြစ်နေတဲ့အကြည့်တွေနဲ့ သူ့ဆီလှမ်းကြည့်နေတယ်...
ဂီဂီပါ အတူရောက်လာပုံထောက်ရင် ထယ်ယောင်းဂျီမင်းဆီစာပို့လိုက်တာပဲဖြစ်မယ်....ယွန်းဂီ အမြန်ဘဲဆော့ဂျင်ကုတင်ရှေ့မှာလာကာရပ်ပြီး ဂျောင်ကုကို မျက်နှာချင်းဆိုင်လိုက်တယ်....
"အေးအေးဆေးဆေး လုပ်လို့မရဘူးလား ဆော့ဂျင်နေမကောင်းဘူးတဲ့...."
"အစ်ကိုနဲ့မဆိုင်ဘူး ၀င်မပါပါနဲ့ ကျွန်တော်တို့ကိစ္စပါ..."
ယွန်းဂီက အေးအေးဆေးဆေးထိန်းပြီးပြောပေမဲ့ ဂျောင်ကုရဲ့မချေမငံတုန့်ပြန်စကားကြောင့်
အခြေအနေကပိုတင်းမာလာရတယ်...."ဘယ်သူ့ကြောင့်လဲ ဒီလိုတွေဖြစ်လာရတာရော ဘယ်သူ့အပြစ်မို့လို့လဲ
ကျွန်တော့်ကိစ္စကို ကျွန်တော်ကောင်းကောင်းကိုင်တွယ်နိုင်တယ်ဆိုပြီး မင်းပြောခဲ့တယ်....ဒါက မင်းဒီ RS ကိုအကောင်းဆုံးကိုင်တွယ်တဲ့ပုံစံလား....."
"လာခဲ့ ဂျွန်ဆော့ဂျင်က အခုအိမ်ပြန်လိုက်ခဲ့ ...."
ဂျောင်ကုယွန်းဂီအမေးကို မတုန့်ပြန်ဘဲ ဆော့ဂျင်ကိုဆွဲခေါ်ဖို့ကြိုးစားနေတယ်....
"ရားးးးမင်းနားမလည်ဘူးလား ဆော့ဂျင်နေမကောင်းဘူးလို့ပြောနေတယ်လေ...."
ဂျောင်ကုကတော့ ဘာကိုမှဂရုစိုက်ပုံမရ ဆော့ဂျင်ရဲ့အိတ်တွေသွားဆွဲထုတ်ပြီး သူလုပ်ချင်တာကို ဆက်လုပ်နေတော့တာ....
ယွန်းဂီလည်း ထိန်းနေတဲ့ကြားက အတော်ဒေါသထွက်လာပုံပဲ
ဒီတိုင်းဆို မကြာခင်မှာ ထိုးကြိတ်ရန်ဖြစ်တာတွေဖြစ်လာမှာအသေအချာပဲ...နောက်ဆုံးတော့ တင်းမာနေတဲ့အခြေအနေတွေကို ဖြေရှင်းဖို့ ဆော့ဂျင်ကြား၀င်ရတော့တယ်
ဒီလိုရှုတ်ထွေးတဲ့ အခြေအနေကြီးကို မုန်းလှပြီ
သူလည်း ပင်ပန်းစရာတွေ စိတာထဲထပ်မတိုးနိုင်လောက်အောင်
ပင်ပန်းခဲ့ပြီးပြီမဟုတ်လား....