1

4.6K 183 8
                                    

ညက မှောင်မိုက်နေ၏။

ချောက်တင်းခွမ့် မီးပိတ်ပြီး ကားတံခါးဖွင့်လိုက်တော့  မနေနိုင်လောက်အောင် ပူအိုက်တဲ့နွေရာသီလေတွေက အဲကွန်း အချိန်အတော်ကြာဖွင့်ထားခဲ့တဲ့ ကားထဲ ဝင်ရောက်လာပြီး မမြင်နိုင်တဲ့လှိုင်းလိုမျိုး သူ့မျက်နှာကို ရိုက်ခတ်လာခဲ့သည်။

ကြည်လင်နေတဲ့ညကောင်းကင်က ကြယ်လေးတွေနဲ့ တမူထူးခြားနေပြီး ဖန်မှန်ထည်ကိုဖြတ်ကာ စူးရှတောက်ပစွာ ဝင်းလက်နေကြတာကြောင့် ရှေ့တည့်တည့်ကနေ ချောက်တင်းခွမ့်ကို ကြည့်ရင် သူ့မျက်လုံးတွေမှာမျက်ရည်တွေနဲ့လို့တောင် ထင်ရ၏။

အမှန်တကယ်တော့ သူက  ထိုင်ခုံနောက်မှီကိုမှီကာ ခေါင်းစောင်းပြီး ဆေးလိပ်သောက်နေခြင်း ဖြစ်သည်။

Tမြို့တော်-Aက ထိုက်ဟန်တောင်က  ကမ္ဘာလှည့်ခရီးသည်တွေအတွက် သဘာဝပသာဒ ဧရိယာ ကောင်းကောင်း တိုးတက်မဖွံ့ဖြိုးသေးတဲ့ နေရာတစ်ခုဖြစ်သည်။သိပ်မကြာခင်ကမှ လမ်းဖွင့်ခဲ့တာကြောင့် ဒီနေရာမှာ ကမ္ဘာလှည့်ခရီးသည် အနည်းငယ်သာရှိသေး၏။ဒါပေမယ့် သဘာဝရှုခင်းတွေကတော့ တကယ်ခမ်းနားလှသည်။ချောက်တင်းခွမ့် ဒီနေရာကို ဘာဖြစ်လို့သိနေရတာလဲဆိုတော့ ရှုကျန်းက သူ့ရဲ့ရုပ်ရှင်အသစ်ကို ထိုက်ဟန်တောင်မှာ ရိုက်ကူးနေလို့ပင် ဖြစ်သည်။

ဒါက ချောက်တင်းခွမ့်နဲ့ရှုကျန်းတို့အတွက် ၄နှစ်လုံးလုံး ပြင်ဆင်ထားခဲ့ရတဲ့ ကြီးမားတဲ့system တစ်ခုဖြစ်ပြီး ခမ်းနားလှပတဲ့ရှုခင်းတွေနဲ့ ယွမ်၁၀၀မီလီယံကျော် ရင်းနှီးမြှုပ်နှံထား၏။ထိုရုပ်ရှင်ကားကို တရားရုံး,မြစ်တွေ,ရေကန်တွေ,စစ်ပွဲတွေ,ပူနွေးနေတဲ့သွေးတွေ,အချစ်တွေနဲ့ ကာရံဖုံးအုပ်ထားသည်။ပါဝင်ထားသူတွေကလဲ တစ်သောင်းကျော် ရှိသည်။ဒီရုပ်ရှင်ကားကို ဦးဆောင်သူက ဥရောပသမ္မဂ အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဒါရိုက်တာဆုရထားတဲ့ ရှုကျန်းပင်ဖြစ်သည်။ဖျော်​ဖြေရေးလုပ်ငန်းမှာ သူတို့က ကိန်းဂဏာန်းတွေအားလုံးကို ဦးဆောင်နေတာကြောင့် သမိုင်းရဲ့အဓိကရုပ်ရှင်တွေထဲမှာ သေချာပေါက်ကို ထင်ရှားတဲ့မှတ်တိုင်တစ်ခုအဖြစ် တည်ရှိနေလိမ့်မည်ပင်။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now