20

500 68 0
                                    

20

         ယခုတစ်ကြိမ် လော့တင်းရဲ့ ရောက်ရှိလာမှုက ယခင်နှစ်ပတ်လည် အခမ်းအနားထက် အနည်းငယ် ပိုမြင့်မားနေလေသည်။

          ဧည့်သည်အတော်များများက တိုက်တိုက်ဆိုင်ဆိုင်ပင် နှစ်ပတ်လည်ပွဲကို တက်ရောက်ခဲ့ကြတဲ့ သူတွေ ဖြစ်နေကြ၏။သူ ရောက်လာချိန်မှာတော့ ယခင်နှစ်ပတ်လည်ပွဲတုန်းက သူနဲ့စကားပြောဖူးခဲ့တဲ့ ဧည့်သည်အများအပြားက လျင်မြန်စွာ စုရုံးဝိုင်းဖွဲ့လာပြီး နှုတ်ဆက်လာကြသည်။

          ဖန်ရီကျန်းက အနုပညာလောကထဲ မ၀င်နိုင်သေးပေမယ့်လဲ  ရုပ်မြင်သံကြား အသိုင်းအဝိုင်းမှာတော့ သူမရဲ့အဆင့်က မနိမ့်ဘဲ ရှေ့တန်းမှာ ရပ်တည်နေသူတစ်ယောက်ဖြစ်၏။မထင်မှတ်ထားစွာပင် လော့တင်းက သူမအား အဖော်အဖြစ် ဖိတ်ခေါ်နိုင်ခဲ့လေသည်။အသိုင်းအဝိုင်းထဲမှာ ရှုတင်စတင်ရိုက်ကူးတာက လျှို့ဝှက်ချက်တစ်ခု မဟုတ်တာကြောင့် လော့တင်းရဲ့ဖူကျူဇာတ်ကောင်နဲ့ ပတ်သတ်တဲ့သတင်းတွေက တဖြည်းဖြည်း လူသိများလာခဲ့၏။ဒါပေမယ့် ဇာတ်ပို့မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဖန်ရီကျန်းကတော့ ပြိုင်ဘက်ဇာတ်ကောင် တော်တော်များများနဲ့ ဆက်ဆံရေးအများဆုံး ဖြစ်လေသည်။အသိုင်းအဝိုင်းထဲမှာ သူငယ်ချင်းမိတ်ဆွေ များစွာမရှိတာကြောင့် သူမက အထူးသဖြင့် ယောကျာ်းလေးသူငယ်ချင်းတွေနဲ့ ခင်မင်ရင်းနှီးမှုကို အထူးဂရုစိုက်တတ်၏။ထို့ကြောင့် သူမက အတင်းအဖျင်းပြောဆိုခံရမှာတွေကို ရှောင်ရှားဖို့အတွက် ကော်ဇောနီ ဆုပေးပွဲလိုမျိုး အထူးပွဲတွေကလွဲ၍ ယောကျာ်းလေးသူငယ်ချင်းတွေနဲ့ တစ်ယောက်တည်း ပေါ်လာခဲလေသည်။ဖန်ရီကျန်းက လူပြိန်းကြိုက် သတင်းစာ တွေရဲ့ လျှာကိုတောင် လျစ်လျူရှုပြီး အမျိုးသမီးအဖော်အဖြစ် လိုက်လာအောင် လော့တင်းက ဘယ်လို ပုဂ္ဂိုလ်ရေးဆက်ဆံရေးကို အားကိုးခဲ့တာပါလိမ့်?

          လော့တင်းနဲ့ဖန်ရီကျန်းတို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကြတာကို တွေ့လိုက်ရတာကြောင့် အုပ်စုဖွဲ့နေကြတဲ့လူတွေ အချင်းချင်း သီးသန့်မျက်လုံးချင်း ဖလှယ်လိုက်ကြ၏။ဒါပေမယ့် သူတို့တွေ ဒွိဟဖြစ်နေကြဆဲပင်။သူတို့နှစ်ယောက်ကြားက ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးအား ခင်မင်ရင်းနှီးမှုနဲ့ ထိန်းသိမ်းထားတာကို မြင်နိုင်နေလို့ပင်ဖြစ်သည်။ကုန်းလျန်ကွမ်း,ဝူယွမ်,တွမ့်ရှုန်းပေါ် ပြီးတော့ ဖန်ရီကျန်း ဒီလူတွေထဲ တစ်ယောက်မှ ပေါ့ပေါ့ပါးပါး စရိုက်လက္ခဏာတွေ မရှိကြပေ။လော့တင်း Publicမှာ ပေါ်လာကတည်းက သူတို့တွေက တစ်ယောက်ပြီးတစ်ယောက် ထောက်ခံအားပေးသူတွေ ဖြစ်လာကြပေမယ့်လဲ ပျော်ရွှင်နေကြပုံပင်။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now