29

544 55 0
                                    


    သတင်းစာရှင်းလင်းပွဲပြီးလို့ အချိန်အတော်ကြာပြီးနောက်မှာတော့ ဖန်ရီကျန်းရဲ့ ထွက်ရှိလာတဲ့ အယ်လ်ဘမ်အသစ်က တခဲနက် ပျံ့နှံ့သွားခဲ့လေသည်။

    တရား၀င်ရိုက်ကူးခြင်းနဲ့ riceရိုက်ကူးခြင်းဗီဒီယိုတွေက အဓိက၀ဘ်ဆိုဒ်တွေမှာ ရိုက်ခတ်မှုနှုန်း မြင့်တက်လာခဲ့ပြီး MVရဲ့ ဆန်းသစ်တဲ့အပြင်အဆင်အား တရား၀င်မီဒီယာများစွာက အကြိမ်ကြိမ် ကြော်ငြာထားကြ၏။ဖန်ရီကျန်းရဲ့ ပိုမိုကောင်းမွန်တဲ့ အယ်လ်ဘမ်မိတ်ဆက်မှုက စက်မှုလုပ်ငန်းအတွက် တံခါးသစ်တစ်ခု ဖွင့်ပေးလိုက်သည်ဟု ဆိုနိုင်လေသည်။

    ထိုကာလအတွင်းမှာဘဲ အယ်လ်ဘမ်အား နိုင်ငံအများအပြားမှာ ဖြန့်ချီခဲ့ပြီးတစ်ပတ်အတွင်းမှာဘဲ ရောင်းအားက 6သန်း ကျော်သွားခဲ့၏။ထိုဂဏာန်းအရေအတွက်က အင်တာနက် ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် စိတ်ဓါတ်ကျနေကြတဲ့ စံချိန်တင်စျေးကွက်အတွက်တော့ အမြင့်ဆုံးအသစ်ပင် ဖြစ်လေသည်။

    ဒါပေမယ့်လဲ တစ်ပတ်ကြာပြီးနောက် အင်တာနက်ပေါ်မှာ High-Definition MV Singlesတွေ ရှိလာတာတောင်မှ ရုပ်ပိုင်းဆိုင်ရာ မှတ်တမ်းများ ရောင်းချမှုကတော့ မှေးမှိန်သွားခြင်းမရှိခဲ့ပေ။

    မရေမတွက်နိုင်တဲ့ ပရိတ်သတ် အဟောင်းတွေရော အသစ်တွေကပါ လက်ကျန်အယ်လ်ဘမ်တွေ ၀ယ်ယူဖို့အတွက် ရုပ်မြင်သံကြား စတိုးဆိုင်သို့ ရောက်ရှိလာကြ၏။ပြီးတော့ ဓါတ်ပြားစတိုးဆိုင်တွေမှာတောင်မှ ထိုသီချင်းခေါင်းစဥ်အား လူသိရှင်ကြားဘားမှာ ချိတ်ဆွဲထားကြပြီး ထပ်ကာတလဲလဲ ဖွင့်ပြထားကြလေသည်။ဖောက်ထွင်းမြင်နေရတဲ့ ပြတင်းပေါက်တွေမှတဆင့် MVထဲမှ ညင်သာတဲ့ အမျိုးသမီးအသံ၊နှေးကွေးတဲ့ စည်းချက်၊လိုက်ဖက်ညီတဲ့ ဇာတ်ကွက်တွေနဲ့ ချောမောတဲ့အမျိုးသားက လမ်းသွားလမ်းလာတွေအား အလွယ်တကူ ဆွဲဆောင်နိုင်ခဲ့လေသည်။

    ဒါမျိုးက ရှာတွေ့ဖို့ခက်တာကြောင့် တောက်ပတဲ့ပုံရိပ်တွေမှာ ဆွဲဆောင်ခံလိုက်ရတဲ့ ဖြတ်သွားဖြတ်လာ အများအပြားက သိပ်မတတ်နိုင်ကြပေမယ့်လဲ  ထိုအယ်လ်ဘမ်ကို မေးမြန်း၀ယ်ယူဖို့အတွက် စတိုးဆိုင်ထဲ ၀င်လာတတ်ကြ၏။ဖန်ရီကျန်းနဲ့ လော့တင်းတို့ရဲ့ နာမည်တွေက တစ်ခုနဲ့တစ်ခု ချည်နှောင်ထားသလို ဖြစ်နေပြီး တ​ဖြေးဖြေးနဲ့ ဖျော်ဖြေရေးသတင်းတွေကို သိပ်ဂရုမစိုက်ကြတဲ့ လူတချို့တောင်မှ သိလာကြလေသည်။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now