6

793 98 1
                                    

🎉Happy New Year 2023

နှစ်သစ်ကိုကြိုဆိုတဲ့ အနေနဲ့ စောတင်ပေးလိုက်ပါတယ်နော်🎉

6

     လော့တင်း အစမ်းသရုပ်ဆောင်တဲ့ ခန်းမ

ထဲက ထွက်လာချိန်မှာတော့ နေရာမှာ စိတ်

လှုပ်ရှားစွာ ဟိုလျှောက်သည်လျှောက် လုပ်

နေတဲ့ ၀ူဖန်းယွမ်အား မြင်လိုက်ရ၏။သူ့ကို

တွေ့သွားတော့ ချက်ချင်း စိုးရိမ်တကြီး

ပြောဆိုလာလေသည်:"မင်း ပင်ပန်းနေလား?

ဗိုက်ဆာပြီလား?ငါမင်းကို စားဖို့ ခေါ်သွားပေး

မယ်!"

      သူ အစမ်းသရုပ်ဆောင်ခဲ့တဲ့ ရလဒ်ကို

တောင် မမေးခဲ့ပေ။သူ့စိတ်ထဲမှာ လော့တင်း

ကို အစမ်းသရုပ်ဆောင်တဲ့ဆီ ခေါ်လာခဲ့

တာက ကမ္ဘာကြီးအား မျက်စိဖွင့်ကြည့်ခိုင်းဖို့

သာဖြစ်သည်။လော့တင်းကို အစမ်းသရုပ်

ဆောင်တဲ့ အခန်းထဲ တစ်ယောက်ထဲ

၀င်ခိုင်းလိုက်မိပြီးမှ ၀ူဖန်းယွမ် နောင်တရ

နေခဲ့၏။social phobia(ဆက်ဆံပြောဆိုရမှာ

ကြောက်စိတ်)ခံစားနေရမှန်း သူ့ကိုယ်သူသိ

တဲ့ လော့တင်းက ဆက်ဆံပြောဆိုဖို့အတွက်

စိတ်နှစ်လုပ်ဆောင်ခဲ့တယ်လို့ သူ ခံစား

မိနေသည်။သူ အခုချိန် လော့တင်းရဲ့မျက်လုံး

တွေကို ကြည့်လိုက်မိပါက အပြစ်ရှိသလိုမျိုး

မလွဲမသွေ ခံစားလာရပေလိမ့်မည်။

         သူ စကားမပြောနိုင်သေးခင်မှာဘဲ

လော့တင်းက သူ့ပုခုံးကို ပုတ်ပေးလာသည်။

ထိုအချိန်မှာဘဲ မှန်တံခါးက ပွင့်လာပြီး ၀ူအား 

ရင်ရဲ့မျက်နှာ ပေါ်ထွက်လာ၏။

        လော့တင်းကို မြင်လိုက်ရချိန်မှာ သူက 

ရွံရှာသလို အမူအရာဖြင့် မျက်မှောင်ကြုပ်

သွားခဲ့သည်။လော့တင်း ထွက်လာချိန်တုန်း

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now