33

477 59 0
                                    

33

   အသံသွင်းစတူဒီယိုခန်းထဲမှာတော့ လူလတ်ပိုင်းအရွယ် အမျိုးသားလေးယောက်က ဝိုင်းဖွဲ့ထိုင်ကာ စကားစမြည် ပြောဆိုနေကြလေသည်။

  ထိုသူတွေကတော့ ကုန်းလျန်ကွမ်း၊ဟယ်ကွမ်း၊မောက်ရှောင်းရန်နဲ့ ရဲ့ကျိုးတို့ဖြစ်ပြီး လုပ်ငန်းနယ်ပယ်မှာ လူသိများတဲ့ စီနီယာတွေလို့ မှတ်ယူလို့ရ၏။တူးသူတွေရဲ့ အသွင်အပြင်က သူတို့ရဲ့ အနုပညာအငွေ့အသက်တွေကို ဖုံးကွယ်ထားပေမယ့်လဲ အသိမိတ်ဆွေတွေ ရှေ့မှာဆိုရင်တော့ ပွင့်ပွင့်လင်းလင်း ရှိကြလေသည်။

   "စိတ်အနှောင့်အယှက် ဖြစ်လိုက်တာ"မောက်ရှောင်းရန် မျက်နှာကျက်ကို မော့ကြည့်လိုက်ပြီး:"ပုံမှန်ဆို ငါ ဒီအဆောက်အဦးကို လာရတာ မကြိုက်ဘူး,ငါ့စတူဒီယိုမှာ အသံသွင်းဖို့ သီချင်းလေ့ကျင့်လဲ ကိစ္စမရှိပါဘူး,ဒီမှာက ဆေးလိပ်သောက်လို့မရ၊အရက်သောက်လို့ မရနဲ့,နေ့တိုင်း အလုပ်လုပ်ဖို့အတွက် ဒီမှာနေနေတဲ့လူတွေ ရှိနေတုန်းဆိုတာကို ငါ နားတော့လည်ပါတယ်,ဒါပေမယ့် ဒါက ထောင်ကျနေတာနဲ့ အတူတူလိုပဲ မဟုတ်ဘူးလား?"

   "အဲ့ဒါအားလုံးက မင်းဘာသာမင်း ထင်နေတာတွေလေ"ဟယ်ကွမ်း သူ့လက်ကောက်၀တ်မှ နာရီကို တစ်ချက်ငုံ့ကြည့်လိုက်ပြီးနောက် ခြေထောက်တွေကို ပြင်းပြင်းထန်ထန် လှုပ်ယမ်းလိုက်ကာ:"ဟေး,ငါပြောမယ် လောင်ကုန်း(ကုန်းလျန်ကွမ်း),မင်း အဲ့ဒီကလေးကို ဘယ်တုန်းက သိတာလဲ?ပါတီပွဲမှာ မင်းနဲ့တွေ့တုန်းက ငါ ဘာမှ မကြားခဲ့ရပါလား,မင်း ဘာလို့ အခုမှ ပြောရတာလဲ?"

   "ပါတီမှာ တွေ့ခဲ့တာ နောက်ဆုံးအကြိမ်ပဲ"ကုန်းလျန်ကွမ်း လော့တင်းရဲ့ ကျော်ကြားမှုနဲ့ ပတ်သက်ပြီး ဘာမှ မပြောနိုင်တာကြောင့်:"သူက သန်မာပြီး တကယ်တော်တယ်"လို့သာ ပြောလိုက်၏။

   "ကဒ်"လူတိုင်းက ဒါကို လှောင်ပြောင်လိုက်ကြသည်။ဒီအသိုင်းအဝိုင်းထဲမှာ အရည်အချင်းရှိသူတွေ အများကြီး ရှိပြီး ပူးပေါင်းဆောင်ရွက်ခဲ့ကြသူတွေအားလုံးကလဲ တစ်ဦးချင်းစီအလိုက် သီးသန့်စွမ်းရည်တွေ အတိုင်းအတာတစ်ခုထိ ရှိကြလေသည်။ဒါပေမယ့် ဖျော်ဖြေရေးနယ်ပယ်မှာတော့ ရှေ့ကိုရောက်ဖို့က အတော်လေး ခက်ခဲလှသည်။တော်တော်များများကို စကားလုံးတစ်လုံးတည်းနဲ့ ဖော်ပြလို့မရပေ။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now