2

1.5K 157 0
                                    

ပေါက်ကွဲသွားတာ .

နီရဲရဲမီးတောက်တွေနဲ့ နားအူမတတ်ဆူညံသံတွေကြောင့် သူ ချောက်ကမ်းပါးထဲ ကျသွားပုံပင်။ချောက်တင်းခွမ့်ရဲ့ မှတ်ဥာဏ်တွေ ထိုအခိုက်အတန့်မှာ ရပ်တန့်သွားပြီးနောက် ဗလာဖြစ်သွားခဲ့၏။

သူ ကြိုးစားကာစိုက်ကြည့်လိုက်တော့ လူစိမ်းတစ်ယောက် . . . သွယ်လျတဲ့ ဘယ်ဘက်လက်ကို မကြည့်လိုက်တော့ အရေပြားက ပါးဖြူပြီးနူးညံ့နေ၏ . . ! ! ! ! ! ! ။သူ့စိတ်ထဲကနေ ဝါကျတစ်စုကိုသာ ထပ်ကာတလဲလဲ ပြောနေမိသည် . . .

ဒါက အိမ်မက်ပဲ ဖြစ်ရမယ် .

ဆယ်မိနစ်ကြာပြီးနောက် သူ သွေးတွေပြည့်နေတဲ့ ရေချိုးကန်တစ်ခုကနေ ရုန်းကန်လှုပ်ရှားကာ ထထိုင်လာပြီး နေရာစိမ်းဖြစ်တဲ့ ဒီအိမ်ထဲရောက်နေခဲ့သည်။သွေးတွေစွန်ထင်းနေတဲ့ ဓားသွားက ရေချိုးကန်နောက်က ကြမ်းပြင်ပေါ် ကျနေ၏။ရေပူနဲ့.ဓားသွားကပဲ ခြောက်လှန့်နေတာလား ? ဒါမှမဟုတ် ဓားသွားက ကြောက်ရွံ့မှုအောက်မှာ အရမ်းနက်နက်ရှိုင်းရှိုင်း ထိခိုက်ဒဏ်ရာရသွားစေလို့ပဲလားမသိပေ။သူ အချက်အလက်အားလုံးကို စုစည်းကာ လက်တွေ့အကျဆုံး သုံးသပ်ကြည့်လိုက်တော့ မိမိကိုယ်ကို သတ်သေတာလို့ အဖြေထွက်လာခဲ့သည်။

ဒါပေမယ့် သူက အသေအချာကြီးကို ချောက်ထဲကျပြီး ပေါက်ကွဲတဲ့ထဲပါသွားပြီလေ။ပြီးတော့ မတိုင်ခင်က သူ စုရှန်းပိုင်နဲ့ရှုကျန်းကို ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ကလဲ တကယ်မရှိခဲ့ဖူးသလိုမျိုး ဖြစ်နေသည်။ကောင်းကင်ကြီးပြိုကျလာရင်တောင် သူ့(ယခုခန္ဓာကိုယ်)ဘဝအဆုံးသတ်သွားတာကို လက်ဦးမှုယူဖို့ သူ ရွေးချယ်မှာမဟုတ်ပေ။အတိတ်ကနေ အနာဂါတ်အထိ သူ့မှာ ဒီလိုမျိုး ပိန်ပါးတဲ့ခန္ဓာကိုယ်နဲ့ ဖြူဖွေးတဲ့အသားအရေမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။ဒါက စုရှန်းပိုင်လို ကိုယ်ခန္ဓာအချိုးအစားပင် ဖြစ်သည်။သူကတော့ ရှည်လျားတဲ့အမာရွတ်တွေနဲ့  ဒေါင်ကောင်းပြီး ကြွက်သားတွေနဲ့သန်မာတဲ့ ယောကျာ်းတစ်ယောက်သာ ဖြစ်သည်။

မှန်ထဲက ရင်းနှီးနေတဲ့မျက်နှာကို မြင်လိုက်ရချိန်မှာတော့ သူ မဖြေရှင်းနိုင်တဲ့ပြဿနာထဲ ရောက်နေတာဖြစ်ကြောင်း နားလည်သွား၏။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now