35

419 46 0
                                    

35

   ကာမန်Clovisဆိုတဲ့ နာမည်ကို ရုပ်ရှင်လောကထဲ ၀င်ရောက်လာကြတဲ့ အနုပညာရှင်တိုင်း ကြားဖူးကြလေသည်။

   ထိုသူက သူ့ရဲ့အသက်မွေး၀မ်းကြောင်း အထွတ်အထိပ်ကို 5နှစ်ကြာ ထိန်းထားနိုင်ခဲ့တဲ့ အလွန်အရည်အချင်းရှိတဲ့ ဒါရိုက်တာတစ်ဦးဖြစ်၏။သူက နှစ်တိုင်း အောင်မြင်တဲ့ရုပ်ရှင် 1ကား ဒါမှမဟုတ် 2ကား အဆက်မပြတ် ထုတ်လွှင့်ခဲ့လေသည်။ပြီးတော့ ဒါရိုက်တာလောကထဲ ၀င်ရောင်လာကတည်းက ဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့လေသည်။ဒါပေမယ့် ထိုသူက လွန်ခဲ့တဲ့ 6နှစ်ခန့်က ထူးထူးခြားခြား အဆင့်အတန်းနိမ့်ပါးတဲ့ အထွေထွေ ကြေငြာရုပ်ရှင် ဒါရိုက်တာတစ်ဦးသာ ဖြစ်၏။

   သူ့ကို လူကြိုက်များစေခဲ့တာကတော့ လွန်ခဲ့တဲ့ 5နှစ်က ထွက်ရှိခဲ့တဲ့ စီးရီးဖြစ်ပြီး ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေ ရရှိခဲ့လေသည်။စွဲမက်ဖွယ်ကောင်းတဲ့ ဇာတ်လမ်းဇာတ်ကြောင်းနဲ့ အလွန်ပြင်းထန်တဲ့ တိုက်ပွဲပြကွက်တွေကို အားကိုးပြီး ထိုအလုပ်က ဥရောပနဲ့ အမေရိကန် ရုပ်ရှင်သမိုင်းမှာ Box Office စံချိန်သစ် တင်သွားခဲ့ပြီး နှစ်ပေါင်းများစွာ ကြိုးစားလုပ်ကိုင်လာခဲ့တဲ့ ကာမန်ဆိုတဲ့ ဒါရိုက်တာကို အောင်မြင်ကျော်ကြားလာစေခဲ့လေသည်။ထိုအချိန်မှစကာ ပရိတ်သတ်ရဲ့ အရသာကို ဖမ်းစားနိုင်ခဲ့ပြီးသူ့ရဲ့ ကိုယ်ပိုင်စတိုင်ကို စတင်ပြင်ဆင်လာတော့၏။သူ့ရဲ့လက်ရာတွေအားလုံးက စိတ်ခံစားချက်ရော လက်ရာမြောက်မှုမှာပါသမားရိုးကျ မဟုတ်စွာ ရှင်းလင်းပြတ်သားလှသည်။သူ့မှာ သရုပ်ဆောင်တွေကို ရွေးချယ်နိုင်တဲ့ အရည်အချင်းနဲ့ အမြင်ရှိပြီး ချောမောလှပကြတဲ့ အမျိုးသား၊အမျိုးသမီးတွေ အားလုံးက သူ့ရဲ့မှန်ဘီလူးအောက်မှာဆို  အကြီးကျယ်ဆုံး ကျက်သရေကို လွယ်လွယ်ကူကူနဲ့ ရတတ်တာကြောင့် ပရိတ်သတ်တွေတောင်မှ သူ့အပေါ် ယုံကြည်မှုအလွန်ရှိကြလေသည်။ဒါကြောင့် 'ကာမန်ရဲ့ထုတ်ကုန်တွေက Classicတွေပဲ ဖြစ်မည်'ဟု ဆိုရိုးတောင် ရှိလာခဲ့၏။

   ဘယ်သူတွေ ဘာတွေ ပြောနေကြပါစေ၊ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ရုပ်ရှင်လောကမှာ ယဇ်ပလ္လင်ထိုးဖူးတဲ့ ဒါရိုက်တာက ဘယ်လောက်ထိ သြဇာကြီးတယ်ဆိုတာကို လူတွေက အမြဲတမ်း မြင်နိုင်လေသည်။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now