25

534 66 0
                                    

25

     ဒီလိုအချိန်မှာ သည်ရုပ်ရှင်အား 'ပူးပေါင်းဆောင်ရွက်မှု'အဖြစ် သဘာ၀ကျကျ ခေါ်ဆိုနိုင်လေသည်။

     တရုတ်အနှစ်သာရရဲ့ အထူးအခရာဖြစ်တဲ့ ရှေးခေတ်၀တ်စုံနဲ့ကိုယ်ခံပညာက ပြည်တွင်းမှာသာမကဘဲ နိုင်ငံတကာမှာပါ အလွန်ရေပန်းစားလှ၏။ဒါပေါ့,ရောင်းချရတဲ့ အဓိကအချက်က အရည်အသွေး အာမခံချက် ပါရှိလို့ပင်။တွမ့်ရှုန်းပေါ် ဖျော်ဖြေခွင့်ရခဲ့တဲ့ Seikoရဲ့ စေ့စပ်သေချာတဲ့ ဇာတ်ကားအကြောင်းကို ပြောရမည်ဆိုပါက ၄င်းအား အသိတရားတစ်ခုလို့ သေချာပေါက် ခေါ်ဆိုနိုင်လေသည်။

      ဒါရိုက်တာဟော့ရှဲက ရုပ်ရှင်လုပ်ငန်းမှာ အဝေဖန်ခံရဆုံးသော စီးပွားဖြစ်ရိုက်ကူးရေး ဒါရိုက်တာတွေထဲမှ တစ်ဦးဖြစ်၏။သူ့ရဲ့လက်ရာတွေက ချီးကျူးဂုဏ်ပြုခံရပြီး ထိုချီးကျူးမှုတွေက Box officeနဲ့ တွဲနေတတ်သည်။ဒါပေါ့,ဒီဂုဏ်သတင်းက အချည်းနှီးတော့ မဟုတ်ပေ။ဟော့ရှဲရဲ့ ဖြောင့်မှန်မှုက ပရိတ်သတ်တွေကို သဘောကျစေပေမယ့် တစ်ချိန်တည်းမှာဘဲ သူနဲ့အတူတူ အလုပ်တွဲလုပ်လေ့ ရှိကြတဲ့ အနုပညာရှင်တွေကတော့ မျက်ရည်မရှိဘဲ ငိုချင်နေကြရတတ်၏။

     ဟော့ရှဲရဲ့ ကဏ္ဍပေါင်းစုံမှ အလုပ်တွေရဲ့ အသေးစိတ်စေ့စပ်သေချာမှုကို ရှာဖွေကြည့်နိုင်လေသည်။ပြဇာတ်တွေမှာ ဇာတ်ကောင်တွေနဲ့ လိုက်ဖက်အောင် ၀တ်ဆင်ပေးတာမျိုး၊စိတ်ဆင်းရဲစရာ ရုပ်ရှင်ဇာတ်ကွက်တွေကြီးဘဲ ဘယ်တော့မှ မရိုက်ကူးဘဲ စိတ်မကျေနပ်မှု အနည်းငယ်ကိုလဲ ပြဇာတ်တွေထဲမှာ မီးရောင်ထိုးပြီး လျှပ်တပြက်   လှန်မောက်ကာ လှစ်ဟဖော်ပြတတ်၏။ထိုအရာတွေက အတိတ်ကလိုအပ်ချက်တွေကို လှည့်စားနိုင်ပြီး အနုပညာတွေအား ခြောက်လအထိ လေ့လာခွင့်ပြုထားလေသည်။သူ့ရဲ့ ကျော်ကြားမှုကနေ ယူဆောင်ပေးလာတဲ့ Box Officeနဲ့ ဆုတံဆိပ် အာမခံချက်တွေကြောင့် သူ ဘယ်လောက်ပဲ ထူးဆန်းနေပါစေ လူတွေကတော့ သူ့ပေါင်ကိုဖက်ပြီး ကာဗာတောင်းချင်နေခဲ့ကြလေသည်။ဥပမာအနေနဲ့ သူ အက်ရှင်ကား ရိုက်ကူးနေချိန်မှာ အနုပညာရှင်ကို မကြိုက်ပါက အဖွဲ့သားတွေထဲမှ ပါ၀င်သရုပ်ဆောင်မည့်သူကို ထပ်ရွေးချယ်တာတွေ မရှိပေ။ထိုအနုပညာရှင်ကိုသာ သူ စိတ်ကျေနပ်တဲ့အထိ ကြိုးစားခိုင်းတတ်၏။ဒါပေမယ့်လဲ မျှော်လင့်ချက်ကြီးကြီး ထားထားတဲ့ တေးဂီတက အလွန်အမင်း ၀မ်းနည်းဖွယ်ကောင်းသွားခဲ့လေသည်။ရှုတင်စတင်ပြီး သိပ်မကြာခင်မှာဘဲ နံပါတ်သုံး အမျိုးသားက အကာအကွယ် မလုံလောက်မှုကြောင့် ရှုတင်မှာ ရိုက်ကူးရေးလုပ်နေစဥ်အတွင်း ပြုတ်ကျသွားခဲ့တာကြောင့်ဆေးရုံတင်ထားခဲ့ရ၏။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now