41

349 21 2
                                    

41

   ထိုအချိန်မှစပြီး ဟော့လျန်ရှန်းက သူ့အား ယဥ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံလာကာ သူ့အအေးဗူးတွေကိုလဲ အကြိမ်ပေါင်းများစွာ ထုတ်ပေးလာခဲ့၏။

   လော့တင်းတစ်ယောက် ထိုသူက သန်မာခြောက်ကပ်ကာ အနိုင်ကျင့်တတ်သလို ကြောက်လဲကြောက်တတ်တဲ့ သာမာန် နိုင်ငံခြားသားတစ်ယောက်လိုသာ ဖြစ်မှန်း မြင်နိုင်လေသည်။ဒီတစ်ခေါက် အဖွဲ့သားတွေက သူ့ဘက်ကနေ ရပ်တည်ပေးခဲ့ကြတာကို တွေ့လိုက်ရတော့ တစ်ဖက်လူက ကြောက်ရွံ့သွားခဲ့ပုံပင်။အခုချိန်မှာ ဟော့လျန်ရှန်းတစ်ယောက် မိမိရဲ့ ပေးကမ်းခဲ့တဲ့ အရေးပါမှုကို သိပ်ပြီး ဂရုမစိုက်နိုင်နေပေ။တကယ်လို့များ သူသာ လှိုင်းတွေကို မဖန်တီးနိုင်တဲ့ ပွင့်လင်းမြင်သာသူတစ်ယောက် ဖြစ်နေပါက အခုချက်ချင်းဘဲ မျက်ရည်မကျဘဲ ငိုချင်လေသည်။သေချာပေါက်ပင် တစ်ဖက်လူကြောင့်တော့ မဟုတ်ပေ။

   ဟော့လျန်ရှန်းကတော့ လော့တင်း   သူ့ကို လုံး၀လက်ခံလာတဲ့အထိ ချော့မော့ခဲ့ရလေသည်။ပြီးတော့ လျော်ကြေးအနေနဲ့ ကျန်းခယ်ကျန်းက နေရာအနေအထားကို တိုက်ရိုက်ပြောင်းခဲ့ပြီး လော့တင်းရဲ့မျက်နှာကို ပြသဖို့အတွက် နောက်ထပ် ပြကွက်နှစ်ခု ထပ်လုပ်ခဲ့၏။ဟော့လျန်ရှန်းတစ်ယောက် တစ်ဖက်လူက တစ်စုံတစ်ရာ လုပ်လိုက်ပြီမှန်း သိသွားခဲ့ပြီး နည်းနည်း စိတ်မချဖြစ်သွားခဲ့ရပေမယ့်လဲ စကားမပြောဝံ့ ဖြစ်နေခဲ့လေသည်။

   အေးဂျင့်က ဖုန်းခေါ်လာချိန်မှာ သူ ရံဖန်ရံခါဆိုသလို တစ်စုံတစ်ရာအား တိုးတိုးလေး ပြောလိုက်၏။

    ဟော့လျန်ရှန်းနဲ့ သူ့ရဲ့ဇနီးဖြစ်သူရန်ကျင်းကျင်းတို့က အေးဂျင့်တစ်ဦးထဲက ဖြစ်လေသည်။ထိုအေးဂျင့်ဖြစ်သူ ကျင်ရှင်းက ဒီအသိုင်းအဝိုင်းထဲမှာ ဆယ်နှစ်ကျော်လောက် အလုပ်လုပ်ခဲ့ပြီးပြီမို့ သူ့ထက် ပိုမိုတိကျတဲ့ အမြင်ရှိလေသည်။သူ ပြောပြတာတွေ နားထောင်ပြီးတဲ့နောက်မှာ အေးဂျင့်ဖြစ်သူက သူ့အား စွပ်စွဲပြောဆိုလာ၏:"မင်းက အခု အရမ်းစိတ်အားထက်သန်လွန်းနေတာပဲ,ငါတို့ကုမ္ပဏီက ရာရှင်း အန်တာတိန်းမန့်နဲ့ ဆက်ဆံရေးမကောင်းဘူး ဆိုပေမယ့်လဲ ဒါ မင်းနဲ့ ဘာမှမဆိုင်ဘူးလေ?အဲ့ဒီ18လိုင်းက ကုမ္ပဏီက သူတို့ရဲ့ပေါင်တွေကို ထိန်းသိမ်းထားဖို့ လုပ်နေကြတာ,မင်း သူတို့ဆီကနေ သင်ယူစမ်းပါလား?"

You've reached the end of published parts.

⏰ Last updated: Jun 04 ⏰

Add this story to your Library to get notified about new parts!

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now