17

554 67 1
                                    

17

         လော့တင်း ခေါင်းကို ဖြည်းညင်းစွာငုံ့ချလိုက်ပြီး မကြုံစဖူးခွန်အားဖြင့် စုရှန်းပိုင်ရဲ့မျက်နှာပေါ်သို့ သူ့ရဲ့အသက်ရှူငွေ့အား ပက်ဖြန်းလိုက်၏။

         စုရှန်းပိုင် လော့တင်းရဲ့ ဒီလိုမျိုး လျစ်လျူရှုဖို့ ခက်ခဲတဲ့ ကြံခိုင်၊ချောမော၊ယောကျာ်းပီသပြီး ခြိမ်းခြောက်မှုတွေ ပြည့်နေပေမယ့် အံ့သြစရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိနေတဲ ပုံစံအား ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပေ။

        သူ ရှုကျန်းနဲ့တွဲနေတာ ကြာပြီဖြစ်ပြီး ဒီလို ကြီးမြတ်သူနဲ့ မဆုံတွေ့ခဲ့ဖူးပေ။ရှုကျန်းရဲ့ ရင့်ကျက်မှုနဲ့ တည်ငြိမ်မှုတို့က အမျိုးသားတွေ ပိုင်ဆိုင်တဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်၏။ဒါပေမယ့် အဆုံးမှာတော့ သူက အသက်ကြီးနေပြီဖြစ်တာကြောင့် သူ့မျက်နှာပေါ်မှာ အရေးအကြောင်းတွေ စတင်ရှိလာနေပြီ ဖြစ်သည်။သူက အရမ်းငယ်သေးပြီး တစ်ခါတစ်ရံ ချစ်စိတ်၀င်ချိန်မှာ ထိုမျက်နှာကို ကြည့်လိုက်ပေမယ့် စိတ်အဆင်မပြေဖြစ်ရတာကို ဘယ်လိုလုပ်မလဲ?စုရှန်းပိုင်အတွက်တော့ လော့တင်းအပါအ၀င် စွမ်းရည်၊အဆင့်အတန်း၊နူးညံ့သိမ်မွေ့မှု၊တွေးခေါ်နိုင်မှု နာခံနိုင်မှုတို့ရှိပြီး"အချစ်"လို့ သတ်မှတ်နိုင်တဲ့ သူတစ်ယောက် တကယ် မတွေ့ဆုံခဲ့ဖူးသေးပေ။သူ တစ်ခုခု လိုအပ်လာချိန်မှာ သူ့ပါတနာကို သူ့ခံစားချက် ချည်နှောင်လိုက်ပြီး မလိုအပ်တော့အချိန်ရောက်ရင်တော့ ရိုမန့်ဖြစ်ဖို့ မလိုအပ်တော့တာကြောင့် သူ စွန့်ပစ်လိုက်မည်သာ။

         အချိန်အတော်ကြာတဲ့အထိ စုရှန်းပိုင် သူ့ကိုယ်သူ အသည်းမာတဲ့လူလို့တောင် ထင်ခဲ့၏။သူ့အမြင်ကတော့ နှလုံးသားဆိုတာ ဒဏ္ဍာရီထဲက အသေးစားကိရိယာတစ်ခုလိုပင်။

         ဒါပေမယ့် အခုတော့ သူ့ရှေ့ကလူကိုကြည့်နေမိတဲ့ အခိုက်အတန့်လေးမှာ သူ့ကိုယ်သူ ဘာပြောခဲ့လဲဆိုတာတောင် သေချာမသိတော့ပေ။

          တစ်ဖက်လူရဲ့ မျက်လုံးတွေက ပြင်းပြင်းထန်ထန် ထိန်းချုပ်ထားမှုကြောင့် သူ့နှလုံးခုန်သံတွေ နည်းနည်းလေးစည်းချက်မမှန် ဖြစ်သွားခဲ့ရပြီး အခိုက်အတန့်တစ်ခုလောက်ထိ သူ့အား  အလွန်သေးငယ်တဲ့ ထင်ယောင်ထင်မှားမှု ဖြစ်သွားစေခဲ့၏။လော့တင်းရဲ့မျက်နှာသွင်ပြင်က သူ မနာလို ဖြစ်ရလောက်အောင် သန့်စင်နေပေမယ့်လဲ သူ့ရဲ့ လျစ်လျူရှုတတ်တဲ့ စိတ်နေစိတ်ထားကြောင့် အသွင်အပြင်ရဲ့ အားသာချက်က အပြည့်အ၀ မလုပ်ဆောင်နိုင်ခဲ့ပေ။ဒီနှစ်တွေမှာ သူ ဘာတွေတွေ့ကြုံခဲ့ရလဲဆိုတာ မသိပေမယ့်လဲ လူသစ်တစ်ယောက်လိုမျိုး ပြန်လည်မွေးဖွားလာသလိုပင်။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now