39

302 34 0
                                    

39

   ရုပ်ရှင်နဲ့ရုပ်မြင်သံကြားမြို့တော်က မော်ဒန်ဒြပ်စင်တွေ အလွန်နည်းပါးတာကြောင့် စိမ်းလမ်းစိုပြေလှပြီး မနက်မိုးမလင်းခင်ကတည်းက ဟိုတယ်အပြင်ဘက်ရှိ သစ်ပင်တွေဆီမှ ငှက်အနည်းက ကျီကျီကျာကျာ အော်မြည်နေကြပြီဖြစ်သည်။

   ကန့်လန့်ကာကို တင်းတင်းကြပ်ကြပ် မပိတ်ထားတာကြောင့် နေရောင်က အဟကြားကနေ ထိုးဖောက်၀င်ရောက်လာပြီး တွမ့်ရှုန်းပေါ်ရဲ့မျက်နှာပေါ် ဖြာကျလာလေသည်။

   တွမ့်ရှုန်းပေါ်တစ်ယောက် မနေ့က အရက်သောက်ခဲ့တဲ့အပြင် အိပ်ယာ၀င်တာလဲ နောက်ကျတာကြောင့် ခေါင်းက ဆိုးဆိုးဝါးဝါး နာကျင်လာခဲ့၏။နေရောင်ကြောင့် နိုးလာပြီးနောက်မှာ သူ့စိတ်က ခဏလောက် ဗလာသက်သက် ဖြစ်နေခဲ့ပြီး ထို့နောက်မှာတော့ မနေ့ညက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ချက်ချင်း သတိရသွားခဲ့လေသည်။ထို့နောက် ပထမဆုံး လုပ်ဆောင်လိုက်တဲ့ အရာကတော့ ကုတင်အလယ်မှ ခေါင်းအုံးအား ဆွဲယူလိုက်ပြီး ထိုင်ခုံတစ်လုံးဆီ လှမ်းပစ်လိုက်ခြင်း ဖြစ်သည်။

    သူ့IQက လွန်ခဲ့တဲ့ AD 500စုနှစ်ကလိုမျိုး ဖုံးကွယ်ဖို့ စိတ်ကူးယဥ်နေပုံအရ မနေ့ညက ပုံရိပ်တွေက သူ့ဦးနှောက်ထဲမှာ စွဲနေတာပင် ဖြစ်ရမည်!

   တွမ့်ရှုန်းပေါ် စိတ်လှုပ်ရှားစွာဖြင့် သူ့ခန္ဓာကိုယ်ကို ကြွလိုက်ပြီး လော့တင်းအား လှမ်းကြည့်လိုက်၏။လော့တင်းက သူ့ကို ကျောပေးကာ မနေ့ကအိပ်တဲ့ပုံစံအတိုင်း ပုံစံမပျက်ဘဲ အိပ်ပျော်နေဆဲ ဖြစ်သည်။

   တွမ့်ရှုန်းပေါ် ပြန်လှည့်လိုက်ပြီး သက်ပြင်းချကာ မျက်နှာကျက်ကို စိုက်ကြည့်နေရင်း သူ့ခြေထောက်တွေကြားမှ တိုင်တစ်တိုင် အားနည်းသွားစေရန် မျက်တောင်တဖျတ်ဖျတ် ခတ်နေလိုက်၏။ခဏအကြာမှာတော့ လက်ဖက်ရည်သောက်ဖို့ အိပ်ယာမှ ထသွားလိုက်သည်။

   "လော့တင်း?လော့တင်း?"တွမ့်ရှုန်းပေါ် ကုတင်ဘေးမှာထိုင်ကာ လက်တစ်ဖက်က လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး နောက်လက်တစ်ဖက်နဲ့ လော့တင်းရဲ့လက်မောင်းအား ကိုင်ကာ လှုပ်နှိုးလိုက်သည်။လော့တင်းရဲ့ လက်ထိပ်ဖျားတွေ လှုပ်ရှားလာပြီးနောက် မျက်လုံးတွေက ရုတ်တရက် ပွင့်လာပြီး ထိုမျက်၀န်းတွေက စူးရှပြီး သတိရှိနေလေသည်။ထို့နောက်မှာတော့ ခေါင်းက နာကျင်ကိုက်ခဲလာတာကြောင့် မျက်မှောင်ကြုပ်သွားကာ မျက်လုံးတွေကို တင်းတင်းကြပ်ကြပ် ပြန်ပိတ်လိုက်၏။စက္ကန့်အနည်းငယ်လောက်ကြာမှ သူ မျက်လုံးပြန်ဖွင့်ဖို့ ကိုယ့်ကိုကိုယ် တွန်းအားပေးလိုက်သည်။ထို့နောက် နောက်ထပ် အကြိမ်အနည်းငယ်လောက် ဖွင့်လိုက်ပိတ်လိုက် လုပ်လိုက်သည်------

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now