8

683 93 0
                                    

8

      ၀ူဖန်းယွမ် ခဏလောက် အေးခဲသွားပြီး

တံခါးစွန်းမှာမှီကာ လော့တင်းအား စိုက်ကြည့်

လိုက်သည်:"အဲ့ဒါက တကယ် အဆင်ပြေပါ့မ

လား?မင်းတစ်ယောက်တည်း သွားမယ်!"

       လော့တင်း သူလိုချင်တဲ့ အ၀တ်အစား

တစ်ထည်ကို မတွေ့ခင်အထိ ဗီရိုထဲမွှေနှောက်

နေ၏။ထို့နောက် သူ၀တ်မဲ့အ၀တ်တွေကို

ကုတင်ပေါ်ပစ်ချလိုက်ကာ ၀ူဖန်းယွမ်အား

စောင်းကြည့်လိုက်ပြီး:"အင်း"

         ၀ူယွမ်ရဲ့ ဖိတ်ကြားချက်ကြောင့်သာ

မဟုတ်ပါက လော့တင်းရဲ့ လက်ရှိ​ကျော်ကြား

မှုနဲ့ အဆက်အသွယ်အရ ကုန်းလျန်ကွမ်းရဲ့

မွေးနေ့ပါတီမှာ ပါ၀င်ဆင်နွှဲဖို့က မဖြစ်နိုင်ပေ။

ကုန်းလျန်ကွမ်းက နာမည်ကြီး မီဒီယာဟောင်း

တစ်ဦးဖြစ်ပြီး အများအားဖြင့် လူမသိသူမ

သိအလုပ်တွေ လုပ်၏။လူကြိုက်များမှုက

Idol Starလောက် မမြင့်ပေမယ့် ဒီ

အသိုင်းအဝိုင်းထဲက ပထတန်းစား

အမျိုးသားStarတွေရဲ့ လွှမ်းမိုးနိုင်မှုထက်

မလျော့တာတော့ သေချာလေသည်။

        လော့တင်းအတွက်တော့ သူ

ချောက်တင်းခွမ့်ဘ၀တုန်းက ကုန်းလျန်ကွမ်း

နဲ့ အဆက်အသွယ် ရှိခဲ့ဖူးတာကြောင့် ကြားဖူး

နား၀ရှိသူများထက် သူက ကုန်းလျန်ကွမ်းရဲ့

ကိုယ်ရေးကိုယ်တာ အခြေအနေကို ပိုသိလေ

သည်။ကုန်းလျန်ကွမ်းက ဖျော်ဖြေရေးသမား

သက်သက်မဟုတ်ပေ။သူက ပေကျင်း

Film Academyက ပါမောက္ခတစ်ဦးလဲ

ဖြစ်၏။သူ ပါမောက္ခအိုကြီး ဖြစ်နေသည်မှာ

လဲ ဆယ်နှစ်ကျော်နေပြီ ဖြစ်ပြီး သူ့ရဲ့တပည့်

တွေက ထူးချွန်အောင်မြင်သူများ ဖြစ်

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now