24

455 60 0
                                    

24

     ဒရာမာထဲ ၀င်ဖို့အတွက် ဒီလိုအခွင့်အရေးကို မှီခိုအားထားရတယ်လို့ ပြောနိုင်လေသည်။

     ဒီနေ့ ရာသီဥတုက သိပ်မကောင်းပေ။တစ်မြို့လုံး တိမ်မည်းတွေနဲ့ မဲမှောင်နေတာကြောင့် မြို့ရိုးအောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့ရဲ့အငွေ့အသက်ကက ကမ္ဘာကိုလွှမ်းခြုံသွားခဲ့၏။

    ဖူကျူ ကောင်းကင်ကို ဗလာသက်သက် မျက်လုံးတွေနဲ့  မော့ကြည့်လိုက်သည်။ထိုတိမ်မည်းကြီးကဲ့သို့ပင် သူ့ရဲ့နောက်ဆုံး အသက်ရှင်သန်ဖို့ အကြောင်းပြချက်ကိုတောင် ဆုံးရှုံးသွားတာကြောင့် ပြန့်ကျဲလုနီးပါးပင် ဖြစ်နေလေသည်။သူ ကောင်းကင်ကိုကြည့်ရင်း စိတ်ထဲမှာ နောင်တရတဲ့ အခိုက်အတန့်လေးတွေ ပြန်ပေါ်လာခဲ့၏။ထို့နောက် သူ အရပ်ရှည်ရှည်ရွှေရောင်ချပ်၀တ်နဲ့လူအပေါ်မှာ လောင်းကြေးထပ်ကြည့်လိုက်တော့သည်။

      သူ လက်ကို အနည်းငယ် တင်းတင်းဆုပ်လိုက်ပြီးနောက် တုံ့ဆိုင်းနေပြီးမှ သူ့အင်္ကျီလက်အား ငုံ့ကြည့်လိုက်၏။မထွက်လာခင်တုန်းက ဓါးမြောင်ကို သူ့လက်အင်္ကျီထဲ ထည့်ခဲ့လေသည်။ဓါးကို ဓါးမြောင်ထဲမှာ ထည့်ထားပေမယ့် သွေးတော့ တစ်ခါမှမစွန်းဖူးသေးပေ။သူ လီရှစ်မင်ကို ပထမဆုံးအကြိမ် သတ်ချင်လာကတည်းက ထိုဓါးအား အကြိမ်ပေါင်းမနည်း ထုတ်ခဲ့ဖူးပေမယ့် အမြဲတမ်း လက်လျော့ခဲ့မိလေသည်။

      အခွင့်အရေးကို လက်လွှတ်လိုက်ရတဲ့ ခံစားချက်က ပြောပြဖို့ ခက်ခဲလှ၏။

      ဝူယွမ် သူ့ရှေ့က အခြေအနေကိုကြည့်ရင်း အနည်းငယ် စိတ်လှုပ်ရှားလာတာကြောင့် သူ့စိတ်ခံစားချက်တွေကို အပြည့်အ၀ မစုစည်းနိုင် ဖြစ်သွားခဲ့သည်။ပြီးမှ သူ့ကိုယ်သူ စိတ်တည်ငြိမ်လာအောင် တွန်းအားပေးလိုက်ပြီး ရှေ့သို့ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကာ ဇာတ်ညွှန်းရဲ့လိုအပ်ချက်အတိုင်း အဖွဲ့နဲ့လိုက်လျှောက်နေရာမှ ဖူကျူအား နှုတ်ဆက်ရန်အတွက် ပြန်လှည့်လာလိုက်၏။

      ထို့နောက် သူ လော့တင်းနဲ့ မျက်လုံးချင်း ဆုံသွားခဲ့သည်။

       ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့တော်ကို မရောက်ခင်ကတည်းက သူနဲ့လော့တင်း အခင်းနေရာမှာ တည်ဆောက်ထားတဲ့ စိမ်းလန်းတဲ့တဲလေးထဲမှာ တစ်ကြိမ်ထက်ကိုပြီး ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးသား ဖြစ်၏။အခုတော့ သူ့ရဲ့ ဖူကျူပုံစံကြောင့် ၀ူယွမ် ပထမဆုံးအကြိမ် ထိတ်လန့်သွားခဲ့ရပြီး နောက်မှ တဖြည်းဖြည်း တစ်ဖက်လူရဲ့ ဗလာသက်သက် မျက်လုံးတွေအား အနည်းငယ် ခံနိုင်ရည် ရှိလာလေသည်။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now