19

480 66 0
                                    

19

        ဝူဖန်းယွမ် ဒီနေ့ လော့တင်းအတွက် ၁၆ကြိမ်မြောက် ဖုန်းခေါ်ဆိုမှုအား လက်ခံရရှိခဲ့၏။

        အစပိုင်းတုန်းက ထိတ်လန့်တုန်လှုပ်နေခဲ့ရာမှ အခုတော့ တည်ငြိမ်သွားခဲ့ပြီဖြစ်ပြီး အလျင်အမြန်ပင် အရည်အချင်းပြည့်၀တဲ့ လက်ထောက်တစ်ဦး ဖြစ်လာခဲ့လေသည်။

       "အားတင်းက အခု အလုပ်လုပ်နေပါတယ်,ဟုတ်ကဲ့။ဟေး,အိုကေ။ဘာ?ဒီည?သူ ဒီည အလုပ်ရှိနေသေးတယ်,အဲ့ဒါက အတော်လေး ကံဆိုးတာပဲ"လော့တင်း ဖုန်းထဲမှာ ဘာတွေပြောနေတာလဲဆိုတာ မသိပေ။ဝူဖန်းယွမ်က တဟားဟားရယ်ရင်း အပြုံးတစ်ခုနဲ့ ယဥ်ကျေးစွာ ပြန်ဖြေနေလေသည်:"ကျွန်တော် တောင်းပန်ပါတယ်,ရှဲ့,ဒီကံမကောင်းမှုအတွက် ကျွန်တော်က အားတင်းကိုယ်စား ဒီနေရာကနေ တောင်းပန်ပါတယ်နော်"

         ဖုန်းချပြီးသွားတော့ သူ့မျက်နှာပေါ်က အပြုံးက ရုတ်တရက် ပျက်သွားပြီး သူ့ဖုန်းအား လော့တင်းဆီ ကမ်းပေးလိုက်၏။ထို့နောက် မျက်လုံးတွေ လှိမ့်လိုက်ပြီး:"ဖားပြုပ်တစ်အုပ်က ငန်းသား စားချင်နေကြတယ်"

          လော့တင်း တဟင်းဟင်း ရယ်လိုက်ရင်း:"ဘယ်လောက် ကုန်သွားပြီလဲ?"

          ဝူဖန်းယွမ် ဂီယာနှိုးကာ ဆက်မောင်းလိုက်ရင်း:"အစားအစာက ယွမ်တစ်သောင်းငါးထောင်ကျတယ်"ဒီအစားအစာရဲ့ စျေးနှုန်းက တတိယကြယ်ပွင့်အဆင့် ရှိနေပြီဖြစ်လေသည်။

          လော့တင်း စကားပြောတာ ရပ်သွားခဲ့၏။စျေးနှုန်းက. . . . လော့တင်း  စျေးပေါလွန်းလို့ ရှက်ရွံ့သွားရသည်။ဒါပေမယ့် ဘာဖြစ်လို့များ ဝူဖန်းယွမ်ရဲ့ အမူအရာက ကြည့်ရတာ ဂုဏ်ယူနေပုံ ပေါက်နေရတာလဲ?

          သူ လက်ကိုင်ဖုန်းကို ဖွင့်လိုက်တော့ သူ့ရဲ့ အရေအတွက်နည်းပါးလှတဲ့ Pageက ရက်အနည်းငယ်အတွင်းမှာဘဲ တစ်သိန်းနီးပါး တိုးမြင့်လာခဲ့လေသည်။

          နောက်ဆုံးရ သတင်းတွေကို ဖတ်ရှုလိုက်ပြီးနောက် အောက်ကကွန့်မန့်တွေကို ပြန်လည်သုံးသပ်လိုက်၏။ထိုအချိန်မှာဘဲ hot ခေါင်းစဥ်တွေ ပေါ်လာလေသည်။ဖန်ရီကျန်းရဲ့ အယ်လ်ဘမ်အသစ် သတင်းက ထိပ်ဆုံးမှာ ရှိနေသေးဆဲ ဖြစ်၏။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now