38

333 35 0
                                    

38

လူ40ကျော်မို့ စားပွဲ7လုံး8လုံးလောက်ရှိကာ စားသောက်ဆိုင်ရဲ့ ဒုတိယထပ် တစ်ထပ်လုံး နေရာပြည့်လုနီးပါး ဖြစ်သွားခဲ့၏။ရုပ်ရှင်ရိုက်ကူးနေစဥ်အတွင်း အနုပညာတွေက ၄င်းတို့ရဲ့ ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို ဂရုစိုက်ရတာကြောင့် အထူးသဖြင့် ညဘက်တွေဆို အဆီတက်မှာစိုးကာ မစားရဲခဲ့ကြပေ။ဒါပေမယ့် ရိုက်ကူးနေစဥ်အတောအတွင်း ဒီလိုမျိုး အသားကင်စားလို့ရတဲ့ အခွင့်အရေးက လုံး၀ရှားပါးလေသည်။တစ်ခါတစ်ရံမှ တစ်ကြိမ်ရတဲ့ အခွင့်အရေးမို့ ဘယ်လိုလုပ် ၀နိုင်မှာလဲ,ဟုတ်တယ်မလား?

စားပွဲတစ်ခုစီမှာ မွှေးရနံ့တွေ သင်းပျံ့နေတဲ့ သိုးငယ်သား၊အမဲသား၊ပြည်ကြီးငါး၊ကြက်တောင်ပံ၊ကျောက်ပုဇွန်၊ကင်းမြှီးကောက်တွေနဲ့ ဘီယာဖာလိုက်တွေ ရှိနေလေသည်။

လေထုအခြေအနေက မထင်မှတ်ဘဲ သဟဇာတ ဖြစ်နေလေသည်။လူတိုင်းက ပန်းကန်ပြားတွေ ဖန်ခွက်တွေကို ရိုက်ခေါက်ရင်း တစ်ယောက်နဲ့တစ်ယောက် စနောက် အော်ဟစ်နေကြ၏။အားလုံးက အစာမစားခင်မှာ ဘီယာနည်းနည်းလောက် သောက်ရတာကို ကြိုက်နှစ်သက်ကြလေသည်။

ဒီလိုလေထု အခြေအနေကြောင့် ဟော့ရှဲတောင်မှ ယမကာကို စတင်သောက်လာ၏။ဒါပေမယ့် တွမ့်ရှုန်းပေါ်နဲ့ယွမ်ပင်းတို့ကတော့ ထိုက်ရှန်းလိုမျိုး ပင်မစားပွဲမှာ အပြုံးမျက်နှာတွေနဲ့သာ ထိုင်နေကြလေသည်။ထို့ကြောင့် ဘယ်သူမှ သူတို့ကို သွားမစမ်းရဲကြပေ။

ဒါရိုက်တာတစ်ယောက်အနေနဲ့ ဟော့ရှဲ အဖွဲ့သားတွေရဲ့ စိတ်အားထက်သန်မှုကို လှုံ့ဆော်ပေးဖို့ လိုအပ်လေသည်။သူက များသောအားဖြင့် အလုပ်လုပ်ချိန်တိုင်း ဒေါသကြီးတတ်ပေမယ့် ပုံမှန်ဘ၀မှာတော့ ထိုကဲ့သို့ပုံစံကို ပြမှာမဟုတ်ပေ။ပြီးတော့ သူကိုယ်တိုင်ကလဲ ကြယ်တွေ ၀န်းရံနေပြီး လကို ကိုင်ဆောင်ထားရတဲ့ ခံစားချက်ကို နှစ်သက်လေသည်။ဟော့ရှဲ သူ့ရဲ့ ဆူဖြိုးနေတဲ့ ခန္ဓာကိုယ်ကို ရွှေ့လိုက်ပြီး စားဖို့အတွက် စားပွဲပေါ်မှ ကြက်တောင်ပံကင် ငါးချောင်းနဲ့ သိုးငယ်သားကင် ဆယ်ချောင်းကို လှမ်းယူလိုက်၏။ပန်းကန်ပြားတွေထဲမှ ခွဲထုတ်လိုက်ပြီးနောက် တိုက်ရိုက်ကင်ဖို့အတွက် စားပွဲရှေ့မှာ ပိတ်ရပ်လိုက်လေသည်။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now