15

561 79 0
                                    

15

      လော့တင်း သူ့နာမည်ကို တစ်ယောက်ယောက်က ခေါ်လိုက်သံအား ကြားလိုက်ရတာကြောင့် အံ့သြသွားခဲ့၏။

      ဒါပေမယ့် သူ့မှတ်ဥာဏ်က အမြဲတမ်းကောင်းတာကြောင့် တွမ့်ရှုန်းပေါ်ရဲ့အသံမှန်း ချက်ချင်း သိလိုက်ပြီး မသိစိတ်အရ သွားနေတာအား ရပ်တန့်လိုက်သည်။

      သူ့ဘေးကပ်ရပ်မှ ကုရာရှင်းကတော့ ပတ်၀န်းကျင်က မီဒီယာတွေကို နှုတ်ဆက်ရင်း အလုပ်များနေလေသည်။

      လော့တင်းက အကြောင်းပြချက်မပေးပဲ ရပ်တန့်လိုက်ပြီးနောက် စိတ်မပါတဲ့အပြုံးတစ်ပွင့်နဲ့ ခေါင်းလှည့်သွားတာအား သူ မြင်လိုက်ရ၏။

      "တွမ့်ကော"

      တွမ့်?

      ကုရာရှင်း ထိတ်လန့်သွားပြီး ချက်ချင်း လှည့်ကြည့်လိုက်သည်။အဟုတ်ပင်။တွမ့်ရှုန်းပေါ်က လော့တင်းအား လက်ဝှေ့ယမ်းပြရင်း ရင်းနှီးပြီး နူးညံ့တဲ့အပြုံးမျက်နှာနဲ့ အလျင်အမြန် ချဥ်းကပ်လာလေသည်။

      လော့တင်း မျက်မှောင် အနည်းငယ် ကြုပ်သွား၏။တွမ့်ရှုံးပေါ်က ဘာဖြစ်နေတာလဲ?ဒီကောင်လေးက  ကြယ်ပွင့်လေးတွေနဲ့ ဆက်ဆံပြောဆိုရတာ စိတ်မရှည်ဆုံးမှန်း သူ ရှင်းရှင်းလင်းလင်း မှတ်မိလေသည်။မျက်နှာပြင်က ပြုံးနေပေမယ့် စိတ်ထဲကပါလို့တော့ မဖြစ်နိုင်ပေ။လော့တင်းကလဲ တစ်ဖက်လူလိုပဲ တူညီတဲ့ သဘောသဘာ၀ရှိတာကြောင့် ပိုလို့ပင် စာနာစိတ်မရှိပေးနိုင် ဖြစ်နေ၏။ထို့ကြောင့် သူ တစ်ဖက်လူကိုစကားသွားပြောရမယ့်အစား နှုတ်မဆက်ဘဲ ထွက်သွားဖို့သာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။သူ့အမြင်မှာတော့ ကုန်းလျန်ကွမ်းရဲ့ မွေးနေ့ပွဲမှာတုန်းက တွမ့်ရှုန်းပေါ် သူ့ကို စကားအချို့ပြောခဲ့တာက ယဥ်ကျေးမှုအရသာ ဟုပင်။တစ်ဖက်လူက သူ့နာမည်ကိုတောင် မသိမှာ စိုးရွံ့မိ၏။

      ဒါပေမယ့် အခုတော့ တွမ့်ရှုန်းပေါ်က သူ့နာမည်ကို မှတ်မိရုံတင်မကဘဲ မီဒီယာတွေ စုဝေးနေတဲ့ ကော်ဇောနီရှေ့မှာ သူ့အား ခေါ်လာလေသည်။ဒါကို မီဒီယာတွေ ဘယ်လိုတုံ့ပြန်လာတော့မယ် ဆိုတာ လော့တင်း ခန့်မှန်းမိလု နီးပါးပင်။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now