31

561 63 0
                                    

31

   ရိုက်ကွင်းအချိန်ဇယားက တင်းကြပ်ပြီး ခက်ခဲလေသည်။တည်းဖြတ်ပြီးရင် ဒီရန်ပွဲအခန်းက ဒရာမာထဲမှာ ငါးမိနစ်စာလောက် ရှိမလားတောင် သူ မသိပေ။လော့တင်း ရိုက်ကူးရေးကို အစောကြီးစတင်ခဲ့တဲ့အပြင် တစ်ပတ်လုံးနီးပါးလဲ လောဘတကြီး အလုပ်လုပ်ခဲ့၏။ဒီတစ်ပတ်အတွင်းမှာသူ့ရဲ့ အနားယူချိန်က ၅နာရီတောင် မကျော်ခဲ့ဘဲ ခဏနေတာနဲ့ နိုးနိုးလာတတ်သည်။အချိန်ကုန် သက်သာစေဖို့အတွက် ရုပ်ရှင်နဲ့ရုပ်မြင်သံကြားမြို့တော်မှာ နေရာတစ်ခုရှာဖို့ သူ အဖွဲ့သားတွေနောက်သာ လိုက်သွားခဲ့လိုက်သည်။

   ဟော့ရှဲမှ သူ့ရဲ့ကိုယ်ခံပညာ အလုပ် လုံး၀ပြီးပြီဖြစ်ကြောင်း ကြေညာလိုက်ချိန်မှာ လော့တင်းတစ်ယောက် မျက်လုံးတွေ မှောင်မိုက်သွားတာကို ခံစားလိုက်ရပြီး ကောင်းကင်ဘုံမှ လွတ်မြောက်လာသလိုမျိုး စိတ်ထဲမှာ ခံစားလိုက်ရ၏။

   ဝူဖန်းယွမ် ဟိုတယ်ကို လက်ခံပြီးနောက်မှာတော့ လော့တင်း ရေနွေးနွေးဖြင့် သက်တောင့်သက်သာ ရေချိုးလိုက်ပြီး ခေါင်းတောင်ခြောက်အောင် မသုတ်နိုင်တော့ဘဲ အိပ်ပျော်သွားတော့သည်။ကျယ်ပြန့်တဲ့ လိုက်ကာတွေနောက်မှ ပြင်းထန်တဲ့ နေရောင်ခြည်ကလဲ သူ့ရဲ့အိပ်ငိုက်နေခြင်းကို မတားဆီးနိုင်တော့ပေ။နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီးနောက် သူ မူးဝေစွာဖြင့် နိုးလာလေသည်။လော့တင်း ဘေးနားက စာပွဲပေါ်ရှိ ဖုန်းကို ယူကြည့်လိုက်တော့ နောက်တစ်နေ့ရဲ့ မွန်းတည့်ချိန်တောင် နီးနေပြီဖြစ်တာကို တွေ့လိုက်ရ၏။

   ဗိုက်ဆာလိုက်တာ။

   အခန်းထဲမှာ သူတစ်ယောက်တည်းသာရှိပြီး ဘေးရှိစားပွဲပေါ်မှာတော့ သန့်ရှင်းသပ်ရပ်တဲ့ အ၀တ်အစားတွေကို သပ်သပ်ရပ်ရပ် ခေါက်တင်ထားလေသည်။တစ်ချက်ကြည့်လိုက်တာနဲ့ ဒါက ဝူဖန်းယွမ်ရဲ့ လက်ရာမှန်း သူသိလိုက်၏။ဝူဖန်းယွမ်က လက်တွေ့ဘ၀ရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သက်ရင်တော့ အတော်လေး အရည်အချင်းရှိတဲ့ လက်ထောက်တစ်ယောက်ပင် ဖြစ်သည်။လော့တင်း စောင်အောက်ကနေ သူ အတွင်းခံဘောင်းဘီ ၀တ်ထားကြောင်း ခံစားလိုက်ရ၏။သူဂျင်းဘောင်းဘီကို ၀တ်လိုက်ချိန်မှာတော့ သူ့ပေါင်အတွင်းမှာ နာကျင်နေတာအား ခံစားလိုက်ရလေသည်။ထို့ကြောင့် သူ ငုံ့ကြည့်လိုက်တော့ ဝိုင်ယာကြိုး တပ်ဆင်ခဲ့တဲ့ ခြေထောက်ရဲ့ သပ်ရပ်တဲ့အ​ရေပြားတစ်ခုက ပွန်းပဲ့နေတာကို သူ သတိထားမိသွား၏။လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက သူ အရမ်းပင်ပန်းနေတာကြောင့် နာကျင်မှုကိုတောင် မခံစားမိလိုက်ဘဲ မနေ့က ရေချိုးတုန်းကလဲ ဂရုမစိုက်မိလိုက်ပေ။အခုတော့ ဒဏ်ရာက ဖြူလာပြီး အသားက နူးညံ့တာကြောင့် မခံမရပ်နိုင် ဖြစ်လာလေသည်။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now