4

950 127 0
                                    

4

အပြင်ဘက်မှာ သူနဲ့လော့တင်း အစမ်းသရုပ်ဆောင်ဖို့ တူညီတဲ့ဇာတ်ကောင် ရကတည်းက ဝူအားရင်ရဲ့မျက်နှာက သိပ်မကောင်းတော့ပေ။သူနဲ့ကုရာရှင်းကို နားမလည်နိုင်လောက်အောင် ထူးဆန်းစွာပြုမူနေတဲ့ ဒီကောင်လေးကို သူ အမြဲစောင့်ကြည့်နေခဲ့ဖူးသည်။

အမြဲတမ်းဟန်ဆောင်နေတတ်တဲ့ ဒီကောင်လေးကို သူ တကယ်မနှစ်သက်ပေ။

လွန်ခဲ့တဲ့ နှစ်အနည်းက လော့တင်းက သူ့ထက်  စုရှန်းပိုင်နဲ့ပွဲဦးထွက်ခွင့်ရရန် သာလွန်ခဲ့သည်။မျက်နှာကို စိုက်ကြည့်ရင် အခုတော့ နီရဲနေတယ်?။ဒါပေမယ့် ကုမ္ပဏီက သူ့အတွက်ရော လော့တင်းအတွက်ပါ ပွဲစားတစ်ယောက်ပဲ စီစဥ်ပေးခဲ့တယ်ပေါ့လေ!။သူဆိုတဲ့ ဝူအားရင်က ငယ်ရွယ်ပြီးအစွမ်းထက်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။သီချင်းဆိုခြင်းနဲ့ သရုပ်ဆောင်ခြင်းတို့မှာ အုတ်မြစ်ချပြီး ကျော်ကြားမှုနဲ့အဆင့်အတန်းကို အားစိုက်ထုတ်မှုအနည်းငယ်ဖြင့် စုဆောင်းမိနေပြီဖြစ်၏။ ဒါပေမယ့် လော့တင်းကတော့ သူ့ရဲ့ရုပ်ရည်သွင်ပြင်ကြောင့်သာ သူတို့နှစ်ယောက်ကြားက အဆင့်အတန်းကွာဟမှုက တဖြည်းဖြည်းကြီးမားလာပေမယ့် လျှောက်လှမ်းရတာ လွယ်ကူနေခဲ့ခြင်းဖြစ်သည်။သူ ခက်ခက်ခဲခဲနဲ့အလုပ်ကြိုးစားပြီး သရုပ်ဆောင်ရတဲ့ လော့တင်းကို မကြာခဏတွေးဖူးပေမယ့် ထိုအကြောင်းတွေကြောင့် အလွယ်တကူပင် နှုတ်ဆိတ်နေခဲ့၏။ပုံပန်းသဏ္ဍာန်စံနှုန်းကို သူ ယူနိုင်တဲ့နေ့တွေမှာတော့ ဘယ်လိုလက်ခံယုံကြည်စေခဲ့လဲဆိုတာ သူ မပြောပြနိုင်တော့ပေ။

ထိုအရာတွေက အ​စပြုပြီး သူ လော့တင်းကို ရန်ငြိုးဖွဲ့နေခြင်းဖြစ်သည်။ဝူအားရင်က မာနကြီးပေမယ့်လဲ လူတိုင်းကို နံစော်နေတဲ့မျက်နှာ ပြတတ်သူတော့ မဟုတ်ပေ။ရာရှင်း Entertainmentမှာ လော့တင်းက သူ့အား ဓါးနဲ့ထိုးသူဆိုတဲ့ဂုဏ်ပုဒ်အား အမြဲရရှိထားသူဖြစ်သည်။

တစ်ဖက်လူကိုကြည့်ပြီး သူ့ပုံစံကို အေးဆေးဟန်ဆောင်ထားရပေမယ့်လဲ စိတ်ထဲမှာတော့ ကဲ့ရဲ့ရှုံ့ချနေမိ၏။ဒါပေမယ့် ဝူအားရင်တစ်ယောက် ပြန်ချေပနေရမှာစိုးတာကြောင့် သူ့ဒေါသတွေကိုလဲ မဖြေရှင်းနိုင်ဖြစ်နေရသည်။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now