11

601 79 0
                                    

11

        ရန်ခန်းတင်းက ရာရှင်း အန်တာတိန်းမန့်ရဲ့ အကြီးတန်းအေးဂျင့် ဖြစ်သည်။ကုရာရှင်းထံကနေ သူ  ကုမ္ပဏီထဲမှ အနုပညာရှင်များစွာကို တမင်တကာ လွှဲပြောင်းယူခဲ့၏။ဒီလိုလုပ်တာက သူက တစ်ပန်းသာကြောင်းအား ကုရာရှင်းရဲ့စိတ်ထဲ သိမြင်သွားစေလို၍ ဖြစ်သည်။ဒီကုမ္ပဏီမှာ သူ့ရဲ့သူဌေးကုရာရှင်းနဲ့ သူဌေးရဲ့ငွေစက် ၀ူအားရင်ကလွဲလို့ ဘယ်သူ့ကိုမှ သူ ဂရုစိုက်စရာမလိုဟု ဆိုနိုင်လေသည်။

        မနက်က သူ ကုမ္ပဏီကို ရောက်တဲ့အချိန်မှာ ကုရာရှင်းက သူ့ကိုစောင့်နေကြောင်း အကြောင်းကြားလာတာကြောင့် အံ့သြသွားခဲ့၏။ဝူအားရင်က အစမ်းသရုပ်ဆောင်တာ ကျရှုံးခဲ့တာကြောင့် တစ်နေကုန် စိတ်တိုနေလေသည်။သူက မကောင်းတဲ့အပြုအမူတွေ ပြုမူရင်း ပိုပို ပုန်ကန်ထကြွနေ၏။ရန်ခန်းတင်း သူ့ကို ဘားမှာမသောက်နိုင်အောင် စောင့်ကြည့်နေပေမယ့် သူ့စကားတွေကိုလဲ ဂရုတစိုက် နားထောင်ပေးနေရသည်။စကားစမြည် ပြောနေစဥ်မှာလဲ ဝူအားရင်ကို အစမ်းသရုပ်ဆောင်တဲ့အကြောင်းလှုံ့ဆော်မိပြီး ပိုစိတ်ဓါတ်ကျစေနိုင်တဲ့ စကားတွေ မပြောမိအောင် ထိန်းနေရလေသည်။

         ဝူအားရင် စိတ်ပြန်ငြိမ်အောင် စောင့်နေရတာက လွယ်ကူတဲ့အရာ မဟုတ်ပေ။သူနဲ့ဝူအားရင်က ကုမ္ပဏီမှာ
'ညီအစ်ကို'လို ဖြစ်နေခဲ့ကြတာ အချိန်အတော်ကြာနေပြီ ဖြစ်ပြီး ဝူအားရင်က စိတ်ထားကောင်းလေသည်။ဖုန်းကွယ်ထားတဲ့ ပုံသဏ္ဍာန်မျိုး ရှိတယ်ဆိုတာလဲ သူသိ၏။ဒါပေမယ့် အေးဂျင့်ရဲ့မျက်နှာက ခံနိုင်ရည်ကုန်ဆုံးတော့ မလိုပင်။ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ ဟိန်းဟောက်နိုင်တဲ့ အဆင့်ရှိသူ အနုပညာရှင်တွေ အများကြီးရှိလေသည်။ရာရှင်းအန်တာတိန်းမန့်မှာ သူသာလျှင် သီချင်းဆိုနိုင်သူ ဖြစ်၏။ထိုအချိန်တုန်းက စုရှန်းပိုင်ကလဲ ကုမ္ပဏီမှာ အနုပညာရှင်ငယ်လေး တစ်ယောက်သာ ဖြစ်သေးသည်။အခုတော့ ကျော်ကြားနေပြီဖြစ်သည်။ရန်ခန်းတင်းရဲ့ အမြင်အရ ဝူအားရင်ရဲ့ဟိန်းဟောက်နိုင်လောက်မဲ့ အလားအလာက စုရှန်းပိုင်ထက်တော့ မနည်းလောက်ပေ။တစ်နေ့နေ့တော့ သူ ဝူအားရင်အား လမ်းပေါ်မှာ တက်ကြွခြင်းရဲ့အရသာအား ပြသနိုင်လိမ့်မည်ဟု မျှော်လင့်ထားလေသည်။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now