18

524 70 0
                                    

18

      ချင်ယွိ့ မူးဝေကာ စိတ်ရှုပ်သွားရသည်။

       အဖွဲ့သားတွေက ကောလဟာလတွေအတိုင်းပဲ တကယ်ကောင်းတယ်လို့ သူ ထင်ခဲ့၏။အဆုံးမှာတော့ သူကလဲ ဒီ Auditionလူစုလူဝေးမှာ ပါ၀င်သရုပ်ဆောင်မဲ့ သရုပ်ဆောင်တွေထဲက တစ်ဦးသာဖြစ်လေသည်။ပြီးတော့ ဇာတ်ညွှန်းရဲ့ ဒါရိုက်တာနှစ်ယောက်ကလဲ အသိုင်းအဝိုင်းထဲက နာမည်ကြီးတွေ ဖြစ်၏။

       ဒါပေမယ့် အခု ဘာတွေဖြစ်ကုန်တာလဲ?အရမ်းအရေးကြီးတဲ့ ဇာတ်ကောင်တစ်ခုကို ဒီလူငယ်လေးကို သရုပ်ဆောင်ခွင့် ပြုလိုက်တယ်?အခန်းကဏ္ဍအရ ဖူကျူက အဓိကဇာတ်ဆောင် မဟုတ်ပေမယ့်လဲ ၄င်းက ဇာတ်လမ်းကို အကောင်အထည်ဖော်တဲ့ side ဇာတ်ကောင်တွေထဲမှ တစ်ဦးဖြစ်လေသည်။ဇာတ်ကောင်နေရာချချိန်မှာ အရေးကြီးတာက ယောကျာ်းလေးနှစ်ယောက်၊သုံးယောက်ထက် ပိုပြီး ညံ့လို့မရတာပင်။TVစီးရီး မရိုက်ကူးခင်မှာ အဖွဲ့သားတွေက မူရင်းပရိတ်သတ်အုပ်စုကို မဲပေးခိုင်းတတ်ကြသည်။စာအုပ်တစ်အုပ်လုံး ကြည့်လိုက်ရင် ဝိန်ချီကုန်း ဒါမှမဟုတ် လီရှစ်မင်က အထင်ကြီးစရာကောင်းတဲ့ ဇာတ်ကောင်တွေ မဟုတ်ပေမယ့်လဲ ဒါကပဲ သဲလွန်စမရှိတဲ့ ပံ့ပိုးမှုအခန်းကဏ္ဍတစ်ခု ဖြစ်၏။အထူးသဖြင့် အမျိုးသမီးစာဖတ်သူတွေက ဇာတ်ကောင်တွေရဲ့ အသွင်အပြင်ဖော်ပြလာမှာကို စောင့်မျှော်နေကြလေသည်။အလင်းတဖျပ်ဖျပ်နဲ့ ပံ့ပိုးပေးရတဲ့ အခန်းကဏ္ဍတစ်ခုက ဇာတ်လမ်းကို အလွယ်တကူ ပေါ်လွင်လာစေနိုင်ပေမယ့် ကျန်းခယ်ကျန်း . . . သူတို့တွေက ဒီလိုလူငယ်လေးတစ်ယောက်ကို ပေါ့ပေါ့ဆဆ ရှာခဲ့တယ်ပေါ့လေ?

          တစ်ဖက်လူက ကြည့်ကောင်းလေသည်။အထူးသဖြင့် ပြုံးလိုက်တဲ့အချိန်ဆိုရင်ပေါ့။စိတ်အားထက်သန်မှုမရှိပေမယ့်လဲ လူတွေကို စိတ်ချမ်းသာအောင်လုပ်ဖို့က လွယ်ကူပါတယ်။ဒါပေမယ့် အဲ့ဒီတော့ကော!

        ဘယ်ရှုထောင့်ကပဲကြည့်ကြည့် မူရင်းလက်ရာထဲက နတ်သားဇာတ်ကောင်နဲ့တော့ မိုင်တစ်ရာလောက် ဝေးနေသေး၏!

         ချင်ယွိ့ မျက်လုံးတွေ လှိမ့်လိုက်ရင်း သူ့ရဲ့ လော့တင်းအပေါ် အထင်အမြင်သေးနေမှုတွေကို မဖုံးကွယ်ထားဘဲ လှည့်ထွက်လာခဲ့လိုက်သည်။ကျန်းခယ်ကျန်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ရင်း:"ဒီကောင်က နှစ်အတော်ကြာပြီကို အဲ့ဒီမျက်နှာသေနဲ့ပဲ ဖြစ်နေတုန်း,လူ ဘယ်နှစ်ယောက်လောက်ကိုများ စိတ်မကျေမနပ် ဖြစ်စေခဲ့ပြီလဲ မသိပါဘူး"သူ လော့တင်းရဲ့ပုခုံးကို ပုတ်ပေးလိုက်ပြီး စိတ်ဓါတ်ကျသွားမှာစိုးတာကြောင့် ရှင်းပြလိုက်၏:"မင်း သူ့ကို လျှော့မတွက်စေချင်ဘူး,သူက အသိုင်းအဝိုင်းထဲက ဒရာမာဟောင်းတစ်ယောက်လို့ မှတ်ယူလို့ရတယ်,ပြီးတော့ သူက ဇာတ်ကားပေါင်းများစွာမှာလဲ ပါ၀င်ထားသေးတယ်လေ,သူက မျက်နှာသေနဲ့ စာအုပ်ကြီးအတိုင်း နေတတ်ရုံပါပဲ,ဘာပဲဖြစ်ဖြစ် သူက မင်းကို တုံ့ပြန်မှုများများမရှိဘူးဆိုရင်တောင်မှ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်ရင်းနဲ့ သိလာကြပါလိမ့်မယ်"

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now