12

581 81 0
                                    

Happy Valentines day ပါ Everyone

12

ဒီခန္ဓာကိုယ်ရဲ့ အသွင်အပြင်က မမျှော်လင့်ဘဲ မိတ်ကပ်လိမ်းဖို့ သင့်တော်နေလေသည်။လော့တင်းကိုယ်တိုင်တောင်မှ ၄င်းကို မမျှော်လင့်ထားပေ။

ပွဲဦးစထွက်ကတည်းက သူ(ချောက်တင်းခွမ့်)က ခွန်အားကို ပိုင်ဆိုင်ထားခဲ့တာ ဖြစ်သည်။သူက ရုပ်ချောပေမယ့်လဲ လှပတာနဲ့ အကွာအဝေးတစ်ချို့ ရှိနေခဲ့တာမို့ သူ့ရုပ်ရည်နဲ့ပတ်သက်ပြီး သိပ်ဂရုမစိုက်ခဲ့ပေ။သူ ဒီအသစ်ရလာတဲ့ မျက်နှာအား အရမ်းစိတ်ကျေနပ်မိ၏။ဒီအသွင်အပြင်က ပင်ကိုယ်စရိုက် မထူးချွန်တဲ့လူတစ်ယောက်ကို နှစ်အနည်းကြာတဲ့အထိ တောက်ပြောင်နိုင်စေခဲ့လေသည်။ဒီလို စိုးရိမ်းစရာမရှိဘဲ ကြေညာချက်နေ့ ရောက်လာတဲ့အထိပေါ့။ဒီဖြစ်ရပ်မျိုးက နေရာတိုင်း ချောမောလှပတဲ့ အမျိုးသား/သမီးတွေ ရှိတဲ့ ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာတော့ ကြုံတောင့်ကြုံခဲပင် ဖြစ်သည်။အလွန်အေးစက်ပြီး မြင့်မြတ်တဲ့ မိတ်ကပ်ပညာရှင်က သူ့ကိုမြင်ပြီးတာနဲ့ တယူသန်စိတ်တွေ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။လော့တင်း မိတ်ကပ်မလိမ်းခင် သဲလွန်စတချို့အား သတိပြုမိပေမယ့် မိတ်ကပ်လိမ်းပြီးနောက် မှန်ထဲမှာ ကိုယ့်ကိုကိုယ် တကယ်မြင်လိုက်ရတဲ့ အချိန်မှာတော့ မအံ့သြဘဲ မနေနိုင်ခဲ့ပေ။

အလင်းရောင်ပြင်းပြင်းအောက်မှာ MVတွေရိုက်ဖို့အတွက်ဆို ပုံမှန်အားဖြင့် အဆိုတော်တွေနဲ့ သရုပ်ဆောင်တွေက မိတ်ကပ်အများကြီး လိမ်းချင်ကြသည်။အထူးသဖြင့် ကွန်တိုလိုင်းတွေကို နက်ရှိုင်းစေတဲ့ အစိတ်အပိုင်းများအား အထူအပါးဖြင့် ဖုံးအုပ်ထားဖို့ လိုအပ်လေသည်။မဟုတ်ပါက အလင်းရောင် တစ်ဒါဇင်အောက်မှာ ဘယ်လောက်ပဲ သန်မာတဲ့ မျက်နှာသွင်ပြင်ရှိရှိ ပျော့ပျဲနေတဲ့ ရွှံ့တုံးကြီး ဖြစ်သွားမှာ ဖြစ်သည်။အခုတစ်ကြိမ် စမ်းသပ်တပ်ဆင်တာက မြင်ကွင်းရိုက်ကူးမှုလိုမျိုး မဟုတ်သေးတာကြောင့် ကြောက်စရာမရှိပေ။မိတ်ကပ်ပညာရှင်က ရိုက်ကူးပြီးနောက် စခရင်ပေါ်မှာ အကျိုးသက်ရောက်စေဖို့ အခြေခံညွှန်သုံးချက်အား မှေးမှိန်ထားလေသည်။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now