23

476 65 0
                                    

23

      ထို့ကြောင့် သူ အကြောင်းပြချက်မပေးဘဲ လော့တင်းရဲ့အဖွဲ့သားတွေဆီ အတူလိုက်ခဲ့လိုက်လေသည်။

      တွမ့်ရှုန်းပေါ်မှာ ဖြတ်သန်းခွင့်လက်မှတ် မရှိပေမယ့်လဲ သူ့ရဲ့မျက်နှာကြောင့် လုံခြုံရေးအစောင့်တွေက မတားရဲကြဘဲ  ပြုံးပြကာ ၀င်ခွင့်ပြုလိုက်၏။

      သူရောက်ရှိလာမှုက အဖွဲ့သားတွေအား ရုန်းရင်းဆန်ခတ်  ဖြစ်သွားစေလေသည်။တွမ့်ရှုန်းပေါ်က TVဒရာမာ ရိုက်ကွင်းကို ဘာကြောင့်ရောက်လာတာလဲဆိုတာအား ဘယ်သူမှ မသိကြပေ။လော့တင်းနဲ့တွမ့်ရှုန်းပေါ် ဘေးချင်းယှဥ်ပြီး လျှောက်လာခဲ့ကြသည်။ဘေးမှကြည့်နေသူတွေအတွက်တော့ ယောကျာ်းလေးနှစ်ယောက် တစ်ယောက်က နူးညံ့သိမ်မွေ့ပြီး နောက်တစ်ယောက်က ချောမောနေတာကို မြင်နေရတာက အတော်လေး နှစ်လိုဖွယ် ရာ ဖြစ်နေလေသည်။

        တွမ့်ရှုန်းပေါ်ရဲ့ ရုပ်ရှင်အသစ် ရိုက်ကူးမှုသတင်းက သူ(ချောက်တင်းခွမ့်)မသေဆုံးခင်က hot ဖြစ်နေတာအား သူ အခုမှ သိလေသည်။

       ကိုယ်ခံပညာဇာတ်ကားအား ရုပ်ရှင်ဧကရာဇ်က အတူတကွ ပူးပေါင်းရိုက်ကူးထားပြီး ရိုက်ကူးပြီးနောက် ကွမ်းရှန်း ဖျော်ဖြေရေးသမားတွေရဲ့ ဖျော်ဖြေမှုက မကြာသေးမီနှစ်တွေအတွင်းမှာ ရှားရှားပါးပါး ဂန္တ၀င်ဖြစ်လာခဲ့၏။ရှုကျန်းကလဲ ပြဇာတ်လိုင်း ထိခိုက်မှာစိုးရိမ်တာကြောင့် ရိုက်ကူးရေးအစီအစဥ်အား သုံးလအထိ တမင် နောက်ဆုတ်ရွေ့ဆိုင်းခဲ့တာကြောင့် ဘယ်လောက်ကြီးမားတယ်ဆိုတာကို တွေးကြည့်နိုင်လေသည်။

        နွေဦးပွဲတော်တစ်ပိုင်း ဆုရှင်တစ်ဦးအနေနဲ့ တွမ့်ရှုန်းပေါ် ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့တော်၌ ပေါ်ထွက်လာချိန်မှာ ထိုက်တန်တဲ့အာရုံစိုက်မှုတစ်ခု ဖြစ်လာခဲ့၏။အဖွဲ့သားတွေထဲမှ အနုပညာရှင်အချို့က လော့တင်းနဲ့တွမ့်ရှုန်းပေါ်တို့ကြားက အပြန်အလှန်ဆက်သွယ်မှုကို ဂရုတစိုက် ကြည့်ရှုနေကြရင်း သွားနှုတ်ဆက်ချင်ကြပေမယ့် ကြောက်ရွံ့နေကြတာကြောင့် မချဥ်းကပ်ရဲကြပေ။

        တွမ့်ရှုန်းပေါ် တစ်လမ်းလုံးပြုံးလာရင်း သူ့ကို ဂရုတစိုက် နှုတ်ဆက်လာတဲ့ ၀န်ထမ်းတွေအား တစ်ခါတစ်ရံ ခေါင်းပြန်ညိတ်ပြလိုက်သည်။ဒီလို ဖော်ရွေတဲ့သဘောထားက တကယ်ကို လက်ခံနိုင်စရာပင်။အနည်းဆုံးတော့ လော့တင်း ချီးမွမ်းသံအချို့အား ကြားလာရ၏။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now