22

481 71 0
                                    

22

      လော့တင်း ပြေးနေရင်း အလောတကြီးအသက်ရူနေရပြီးလည်ပင်းမှာပတ်ထားတဲ့ မျက်နှာသုတ်ပုဝါဖြင့် သူ့မျက်နှာအား သုတ်လိုက်၏။

      ကောင်းကင်ကြီးက မတောက်ပသေးဘဲ လက ကောင်းကင်ထက်မှာ မြင့်တက်နေဆဲဖြစ်ပြီး ကမ္ဘာကြီးရဲ့နံနက်ခင်းက တိတ်ဆိတ်ငြိမ်သက်နေလေသည်။အခန်းထဲမှာတော့ လေးလံတဲ့အသက်ရှူသံအပြင် ပြေးစက်ရဲ့လည်ပတ်နေတဲ့အသံလဲ ထွက်ပေါ်နေ၏။

       လော့တင်း သူ့ခွန်အားတွေ နည်းနည်းဆုံးရှုံးသွားသလိုမျိုး ခံစားလိုက်ရတာမို့ လေးလေးနက်နက် မျက်မှောင်ကြုပ်လိုက်သည်။သူ ပြေးနေတာ နာရီ၀က်တောင် မရှိသေးပေ။ဒါက ဘာဖြစ်လို့လဲဆိုတော့ ဒီခန္ဓာကိုယ်ပိုင်ရှင်က အထီးကျန်ရောဂါကြောင့် အိမ်ဟောင်းထဲမှာဘဲနေပြီး ၄င်းကို တိုးတက်လာစေဖို့အတွက် လူစုလူဝေးနဲ့ မကြာခဏ ထိတွေ့တာတွေ မရှိခဲ့လို့ပင်။

       လော့တင်းက ဒီလိုယောကျာ်းလေးမျိုးဖြစ်သည်။သူ(ချောက်တင်းခွမ့်)ကတော့ ယောကျာ်းတစ်ယောက်က ရှိသင့်ရှိထိုက်တဲ့ ကြွက်သားလိုင်းတွေ ရှိသင့်သည်ဟု ထင်၏။ဒါပေမယ့်လဲ ဒီခန္ဓာကိုယ်ရဲ့ အခြေခံအုတ်မြစ်က အတော်လေး အားနည်းလွန်းလှလေသည်။အစကတော့ သူ့ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် ၀ဖြိုးတဲ့အထိ စားချင်ခဲ့တာဖြစ်၏။ဒါပေမယ့် ပြင်းထန်တဲ့လေ့ကျင့်ခန်း လုပ်ပြီးနောက်မှာတော့ သူ Hypoglycemia(သွေးတွင်း သကြားဓါတ်(ဂလူးကို့စ်)အဆင့်က စံသတ်မှတ်ချက်ထက် နိမ့်ကျနေသည့် အခြေအနေတစ်ခု)ရဲ့ ဆိုးဝါးတဲ့အရသာအား ခံစားလိုက်ရလေသည်။အဲ့ဒီနောက်မှာတော့ သူ လိုချင်တဲ့ပန်းတိုင်ရောက်အောင်တဖြည်းဖြည်းချင်းသာ ချဥ်းကပ်နေရတော့သည်။လက်ရှိခေတ်ရေစီကြောင်း အလှတရားနဲ့ယှဥ်ပြီး ကြွက်သားအားကစားကို အလွန်အကျွံလုပ်တာအား သူ လက်မခံပေ။ထို့ကြောင့် သူ အရင်ဘ၀တုန်းက ကြံ့ခိုင်ရေးနည်းပြရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး လေ့ကျင့်ခန်းလုပ်ချိန်မှာ ပြင်းထန်မှုကို လျှော့ချခဲ့၏။

        လော့တင်းက တကယ်ပိန်ပြီး အရိုးအဆစ်တွေက လှပလေသည်။ဒါပေမယ့် သူ့ခန္ဓာကိုယ်က အစိတ်အပိုင်းအချို့က အရမ်းပိန်လွန်းတာကြောင့် အရိုးနဲ့အရေပြားသာ ရှိ၏။ဒီလိုပုံပန်းသဏ္ဍာန်က ပေါ့ပါးပြီးလှပပေမယ့် ကျန်းမာရေးအတွက်တော့ အတော်လေးကို မကောင်းပေ။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now