21

475 67 0
                                    

21

        ကျီကျားဟယ်က ဒီနေ့ည အတော်လေးသောက်ထားတာကြောင့် သူ့ရဲ့ စိတ်ခံစားချက်က နည်းနည်း ရယ်စရာကောင်းနေလေသည်။သူက အများအားဖြင့် အပျော်အပါးကြိုက်သူတစ်ယောက် ဖြစ်ပေမယ့်လဲ အခုတော့ သူ့ရဲ့ပုံရိပ်ကိုတောင် နည်းနည်းလေးမှ ဂရုမစိုက်တော့ပေ။ဖန်ရီကျန်းကို ဖယ်ထုတ်ဖို့အတွက် သူ တစ်စုံတစ်ယောက်ကို လွှတ်ထား၏။မီးတွေမှိတ်ကျသွားသွားချင်းမှာဘဲ သူ လော့တင်းရဲ့ တည်နေရာကို လေ့လာလိုက်ပြီး ခဏလောက် စောင့်နေလိုက်သည်။သူ ရှိုးမှာ လော့တင်းနဲ့ Online ရနိုင်ဖို့အတွက်ပင်။

        သူ လော့တင်းရဲ့ပုံစံနဲ့ အ၀တ်အစားကို မှတ်သားထားခဲ့ပြီး လမ်းတစ်လျှောက် တိုးဝှေ့ပြေးလာခဲ့ရင်း လက်ဖဝါးက အေးမြတဲ့ အ၀တ်အစားကို ထိလိုက်မိချိန်မှာတော့ မကျေမနပ် ပြောဆိုခံလိုက်ရသမျှက ဘာမှမဟုတ်တော့သလိုပင်။

        ပတ်၀န်းကျင်က မည်းမှောင်နေဆဲ ဖြစ်ပေမယ့်လဲ အဓိကရုန်းဖြစ်နေမှုကတော့ နည်းနည်း လျော့သွားပြီဖြစ်သည်။အစပိုင်းတုန်းက ​ထိတ်လန့်သွားခဲ့ကြတဲ့ လူတွေက ကျီကျားဟယ်ရဲ့စကားကြောင့် လျင်မြန်စွာ ပြန်တုံ့ပြန်လာနိုင်ကြပြီး ရယ်မောကာ ဒီဂိမ်းအသစ်က ဘာများပါလိမ့်ဆိုပြီး ခန့်မှန်းလာကြ၏။

         နောက်ခံ တေးဂီတက ငြိမ့်ညောင်းနေရာကနေ ရုတ်တရက်  ပြင်းထန်လာပေမယ့် ကျီကျားဟယ်ရဲ့အသံကိုတော့ မဖုံးလွှမ်းသွားနိုင်ခဲ့ပေ:"ကျေးဇူးပြုပြီး တိတ်တိတ်လေး နေပေးကြပါ ! ! "

         ထိုစကားကို ကြားလိုက်ရပြီးနောက် ရယ်မောနေကြတဲ့ လူအုပ်ကြီးက မသိစိတ်ဖြင့် သူတို့ပါးစပ်တွေကို ပိတ်လိုက်ကြလေသည်။လော့တင်းကတော့ ရုန်းထွက်မရနိုင် ဖြစ်နေ၏။သူ လက်တစ်ဖက်နဲ့ တွမ့်ရှုန်းပေါ်ရဲ့ ရင်ဘတ်ကို တွန်းနေရင်း နောက်လက်တစ်ဖက်ကတော့ သူ့ပုခုံးပေါ်က ကျီကျားဟယ်ရဲ့လက်အား ခါချဖို့ ကြိုးစားနေရသည်။ဒါပေမယ့် ထိုအချိန်မှာဘဲ သူ ဟို့စ်ရဲ့​အသံအား ကြားလိုက်ရ၏:"ကြီးကြီးမားမား အောင်မြင်မှုတစ်ခုရအောင် ကစားလိုက်ကြရအောင်လား ? ! ဘေးပတ်ပတ်လည်က လူတွေထဲကနေ တစ်ယောက်စီ ရွေးချယ်လိုက်ကြပါ !"

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now