40

286 28 0
                                    

40

  12နာရီလောက်မှာတော့ လီကျန်းချန်နေရာမှာ သရုပ်ဆောင်မယ့် အနုပညာရှင် ဟော့လျန်ရှန်းက အချိန်မှီရောက်ရှိလာ၏။

   လော့တင်း မိတ်ကပ်လိမ်းနေချိန်တုန်းက သူ့အကြောင်းကို လူတော်တော်များများ ပြောနေတာအား ကြားခဲ့ရသည်။ထိုအနုပညာရှင်နဲ့ မတိုင်ခင်ကထိ တွဲမလုပ်ဖူးပေမယ့်လဲ အခုချိန်မှာ သူ ထိုသူ့အပေါ် လေးလေးနက်နက် သဘောကျနေမိ၏။

   အဖွဲ့သားတိုင်းမှာ နာမည်ကြီးအောင် ကစားခြင်းကဲ့သို့သော အရာတစ်ခုစီ ရှိကြလေသည်။လော့တင်း အဖွဲ့သားတွေဆီ ရောက်တာနဲ့ သူ့ရဲ့တိုက်ခန်းအား ပြောင်းခိုင်းလိုက်၏။သူက စားဖိုမှူးတစ်ဦးကို ခေါ်ဆောင်လာပြီး သူ့ကို စောင့်နေတဲ့ လူသုံးယောက်လဲ ရှိနေလေသည်။ဒါက မပြင်းထန်ပေ။ဝူယွမ်နဲ့ ဖန်ရီကျန်းတို့လို လက်တံရှည်ပြီး ပေါ့ပေါ့ပါးပါးနေတတ်ကြတဲ့ လူနှစ်ယောက်လုံးက ပါ၀င် သရုပ်ဆောင်ထားတဲ့အပြင် အရည်အချင်းရှိတဲ့ အဖွဲ့သားတွေလဲ ရှိနေတာကြောင့် အောက်မှ အနုပညာရှင်ငယ်လေးတွေက သဘာ၀အတိုင်းပင် ယုတ်ညံ့တာတွေ မလုပ်ရဲကြဘဲ သာမာန်ထက်ကျော်လွန်အောင် ပုံမှန်အတိုင်း ကစားနေကြလေသည်။

    လီကျန်းချန်က ဇာတ်ကားမှာ အရေးပါတဲ့ ဇာတ်ပို့တစ်ဦးဖြစ်ပြီး လီရှစ်မင် ရာထူးမတက်ခင်မှာ ဒရာမာက အချိုးအကွေ့များစွာ ရှိလေသည်။ဟော့လျန်ရှန်းက သဘာ၀အတိုင်းပင် သေးငယ်ပုံမပေါ်ပေ။တစ်နည်းအားဖြင့်ဆိုရရင် သူက ဝူယွမ်ထက်ပင် ပိုသန်မာလေသည်။

   အာ . . . ဘယ်လိုပြောရမလဲ,သူ့ရဲ့ဇနီးက အသိုင်းအဝိုင်းထဲမှာ ယွမ်ပင်းထက်သာလွန်တဲ့ ပထမလိုင်း အမျိုးသမီး ဟွာဒန်တစ်ဦး ဖြစ်၏။

   ထို့ကြောင့် လူတစ်ဦးက ကြက်နဲ့ခွေးကို ကောင်းကင်ပေါ်သို့ ဆွဲတင်လိုက်သလိုမျိုး တစ်ဖက်လူက ဇနီးဖြစ်သူရဲ့မျက်စိကွယ်မှုကို အားကိုးကာ လူအများနဲ့ ထိတွေ့တာမှာဖြစ်စေ ဒါမှမဟုတ် အသိုင်းအဝိုင်းအတွင်း အနေအထားမှာဖြစ်စေ သူက ဝူယွမ်ထက် အနည်းငယ်သာလွန်နေလေသည်။

   ဒါပေါ့,ထိုသူ့မှာ သရုပ်ဆောင်စွမ်းရည်လဲ ရှိပြီး သရုပ်ဆောင်ပိုင်းမှာလဲ တော်လေသည်။ထိုသူက ပွဲဦးထွက်ကတည်းက ဗီလိန်တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ပြီး လူဆိုးတွေရဲ့ ဆိုးရွားတဲ့အမှတ်တွေကိုတောင်မှ တောထဲသို့ ပစ်သွင်းခဲ့သူဖြစ်၏။တစ်ခါတစ်ရံမှာ ကောင်းမွန်တဲ့ အခန်းကဏ္ဍမှာ ပါ၀င်တာထက် ကျွမ်းကျင်မှုက ပိုလိုအပ်တတ်လေသည်။ဒါပေမယ့် သူ့မှာ ပရိတ်သတ်မရှိတာကြောင့် ဖြစ်နိုင်သလို အစောပိုင်းအဆင့်မှာ ရရှိခဲ့တဲ့ အခန်းကဏ္ဍက Singleဖြစ်ခဲ့တာကြောင့်  ဖြစ်နိုင်သည်။ဒီနေ့အထိ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအနေအထားက ဗီလိန်တွေမှာသာ ကန့်သတ်ခံထားရ၏။ရယ်စရာကောင်းတဲ့ အနုပညာရှင်တစ်ယောက်က ဒရာမာတစ်ခုဖန်တီးပြီး ပေါ်လာတဲ့အခါ လူတွေကို ရယ်မောစေသလိုမျိုးပင်။သူ ဖန်သားပြင်ပေါ်မှာ ပေါ်နေသမျှ ကာလတစ်လျှောက်လုံး ပြောပြနေစရာတောင် မလိုဘဲ သူ သရုပ်ဆောင်ရမယ့် အခန်းကဏ္ဍက လူဆိုးဖြစ်ရမယ်လို့ ပရိတ်သတ်တွေအားလုံးက ယူဆထားကြလေသည်။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now