27

534 67 0
                                    

27

     လော့တင်းကတော့ အင်တာနက်ပေါ်မှာ ဖြစ်ပျက်နေတာတွေကို မအံ့သြသွားခဲ့ပေ။

     ဖျော်ဖြေရေးသတင်းစာ၊ဖျော်ဖြေရေးမီဒီယာနဲ့ ပရိတ်သတ်ဖိုရမ်တွေက နေရာတိုင်းမှာ ရှိနေပြီး 'လော့တင်း'ဆိုတဲ့ စကားလုံးနှစ်လုံးက ပထမဆုံးအကြိမ်အဖြစ် လူသိများလာခဲ့၏။ထိုသတင်းတွေက အလုပ်နှစ်ခုလုံးရဲ့ ရိုက်ကူးမှု အချက်အလက်တွေပေါ် မူတည်နေလေသည်။

     ကုရာရှင်းတစ်ယောက် ရာရှင်းစတူဒီယိုရဲ့ ပြင်ပmailboxကို ဟိုဟိုဒီဒီ ဖတ်ကြည့်လိုက်တော့ ရှုပ်ထွေးနေတဲ့ ကြေငြာချက် ဖိတ်စာအမျိုးမျိုးဖြင့် ပြည့်နှက်နေတာကို တွေ့လိုက်ရ၏။ထိုကြော်ငြာတွေက ရုပ်မြင်သံကြား ဌာနငယ်တွေ၊သတင်းထုတ်လွှင့်သူတွေ၊မဂ္ဂဇင်းအေဂျင်စီတွေနဲ့ အမှတ်တံဆိပ်စီးပွားရေးရှိူးအချို့တို့ပင် ဖြစ်သည်။စတူဒီယိုကို စတင်တည်ထောင်ပြီးကတည်းက ဒီMailboxက ဒီလောက်ထိ အသက်မ၀င်ခဲ့ဘူးပေ။အရင်တုန်းက သက်၀င်လှုပ်ရှားခဲ့ပေမယ့်လဲ ဒီအနေအထားရဲ့ ထက်၀က်လောက်သာ ရှိခဲ့တာ ဖြစ်သည်။ကုရာရှင်း ကြံ့ခိုင်ရေးစင်တာမှ စီးပွားဖြစ်ဖျော်ဖြေပွဲတစ်ခုအတွက် ဖိတ်ခေါ်ချက်အား ဂရုတစိုက် ဖွင့်ကြည့်လိုက်၏။စျေးနှုန်းက နေ့ခင်းပိုင်းမှာဘဲ ယွမ်30,000သို့ ရောက်ရှိသွားခဲ့ပြီး လော့တင်းရဲ့ကျော်ကြားမှုနဲ့ဆို သေချာပေါက် မနိမ့်နေပေ။

    ဒါပေမယ့်လဲ သူ ထိုဖိတ်ခေါ်ချက်အား တစ်ချက်သာ ကြည့်လိုက်ပြီး ကီးဘုတ်ပေါ်မှာ စာရိုက်ကာ ငြင်းပယ်လိုက်၏။

     လော့တင်းက စီးပွားရေးပွဲတွေ ဒါမှမဟုတ် အင်တာဗျူးအတွက် ဖိတ်ကြားချက်တွေကို လက်ခံမည်မဟုတ်ကြောင်း အရင်က သူ့ကို ပြောထားခဲ့ဖူးလေသည်။ကုမ္ပဏီပိုင်ရှင် ဖြစ်တဲ့အပြင် လော့တင်းရဲ့ အေးဂျင့်တစ်ဦးလဲ ဖြစ်တဲ့ ကုရာရှင်းအနေနဲ့ လော့တင်းရဲ့တောင်းဆိုချက်ကို လုံး၀လျစ်လျှူရှုထားလို့ ရ၏။ဒါပေမယ့် လော့တင်းရဲ့မျက်နှာကိုကြည့်ပြီး ငြင်းပယ်ဖို့ သူ့မှာ ယုံကြည်ချက် မရှိနေပေ။ဒါက အတော်လေးထူးဆန်းတယ် ဆိုတာကိုလဲ သူ ခံစားမိ၏။သူက အများအားဖြင့် ဒီလိုမျိုး ပျော့ညံ့တဲ့သူတစ်ယောက် မဟုတ်ပေ။ဘာဖြစ်လို့များ လော့တင်းရှေ့ရောက်သွားရင် မသိစိတ်အရ အမြဲတမ်း ရှိန်နေမိတာပါလိမ့်?

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now