34

483 52 0
                                    

34

   လော့တင်း တစ်ဖက်လူရဲ့ သရဲတစ္ဆေအငွေ့အသက်ကို ဒီနေရာကနေတောင်မှ ခံစားနိုင်လေသည်။ဒါပေါ့,ဒါပေမယ့် သူ ဒါကို ​ပြောပြမှာ မဟုတ်ပေ။အဲ့ဒီအစား သူ အလွန်အံ့အားသင့်သွားပုံ လုပ်လိုက်ပြီး:"တွမ့်,ထပ်တွေ့ပြန်ပြီနော်"

   "ဆိုသွားတာ အရမ်းကောင်းတယ်"တွမ့်ရှုန်းပေါ် လော့တင်းရဲ့ မျက်လုံးအောက်က ပင်ပန်းနေတဲ့ အရိပ်အယောင်ကို စိုက်ကြည့်ရင်း အရှိန်ကိုနှေးလိုက်ကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။တကယ်တော့ သူ ကလပ်ထဲကို Joinပြီးကတည်းက အနည်းငယ် နောင်တရနေခဲ့တာဖြစ်သည်။သူက သူ့ပတ်၀န်းကျင်ရှိ လူအများစုနဲ့ ခပ်ခွာခွာ နေလေ့ရှိတာကြောင့် အခုလိုမျိုး နောက်ကွယ်မှာ လော့တင်းနဲ့ ဆုံတွေ့တာက  နည်းနည်း ရုတ်တရက် ဆန်သွားမှန်း သိလေသည်။နှလုံးသားချင်း နှိုင်းယှဥ်ကြည့်ပါက တကယ်လို့ သင်သာ လော့တင်းနေရာမှာဆိုရင် တူညီတဲ့သဘောထားအောက်မှာ တစ်ဖက်လူက ပုံမှန်မဟုတ်ဟု သင် တွေးမိမှာမဟုတ်ပေ။

   ဒါကြောင့် သူ ရိုးရှင်းတဲ့စကားလုံးတွေကို အလေးပေးကာ စတင်ပြောဆိုလိုက်ပြီး တိုက်ဆိုင်မှုအဖြစ် ရည်ရွယ်ချက်အား ပြောင်းပြန်လှန်ပစ်လိုက်သည်။

   ပြီးတော့ ခဏလောက်ကြာတဲ့အထိ သူ လော့တင်းရဲ့အမူအရာက ဘာမှားနေတာလဲ ဆိုတာကို မမြင်ခဲ့မိပေ။သိသွားတဲ့အချိန်မှာတော့ သူ ရိုးရိုးရှင်းရှင်းပင် အခုလေးတင် Auditionမှာ သီချင်းဆိုခဲ့တဲ့ ခေါင်းစဥ်ဆီ ပြောင်းလိုက်၏:"Mr.မောက်လဲ ဒီမှာရှိနေတယ်လို့ ကိုယ်ကြားလိုက်တယ်,မင်း အယ်လ်ဘမ်ထုတ်ဖို့ စီစဥ်နေတာလား?"

   လော့တင်းနဲ့ မနီးမဝေးမှာ ရပ်နေပြီး အချိန်အတော်ကြာ လျစ်လျူရှုခံထားရတဲ့ မောက်ရှောင်းရန်နဲ့ ကုန်းလျန်ကွမ်းတို့က အားနည်းစွာ ပြောလိုက်ကြသည်:"ငါတို့က ဒီမှာ . . . "

   "အိုး!Mr.မောက်!ဟေး?အန်ကယ်ကုန်းလျန်!"တွမ့်ရှုန်းပေါ် သူတို့ကို နီးနီးကပ်ကပ်မှာရှိနေတာကို မတွေ့လိုက်တဲ့အတွက် ရှက်ရွံ့တာမျိုး မဖြစ်သွားဘဲ သဘာ၀ကျကျ နှုတ်ဆက်လိုက်၏:"စကားစမြည်ပြောဖို့အတွက် နှောင့်ယှက်ရတာ စိုးရွံ့မိပါတယ်,ခင်ဗျားတို့နှစ်ယောက် အဆင်ပြေကြရဲ့လား?မတွေ့ရတာ ဘယ်လောက်တောင် ကြာပြီပါလိမ့်?"

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now