37

313 40 0
                                    

37

    ပထမဗွီဒီယိုအတွက် ရွေးချယ်မှုစံနှုန်းတွေကတော့-ပုံက မှုန်ဝါးမနေရ၊ရိုက်ကူးထားတာ ချော့မွေ့နေပြီး သီချင်းဆိုသံကလဲ ကြည်လင်ပြတ်သားနေရမည် ဖြစ်သည်။ဒီအချက်3ချက်နဲ့ ကိုက်ညီအောင် ရိုက်ကူးထားတဲ့ ဗွီဒီယိုက fanတွေကြားမှာ သိပ်ပြီးမရှိပေ။အလယ်မှာလူတွေပိတ်ဆို့နေပေမယ့် အလွန်ရှင်းလင်းတဲ့ရှုထောင့်နဲ့ လှပနဲ့ရိုက်ချက်များစွာလဲ ရှိပေမယ့် ထိုရိုက်ချက်တွေက လှုပ်ခတ်ခြင်းနဲ့ မှုန်ဝါးခြင်းတွေ အတော်လေး ရှိနေလေသည်။ထို့ကြောင့် အစွန်းမှာရပ်နေပြီး ပတ်၀န်းကျင်ရှိ ဆူညံသံတွေနဲ့ ဝေးကွာကာ အသံအကျိုးသက်ရောက်မှု အထူးကောင်းမွန်တဲ့ ဗွီဒီယိုတစ်ခုကိုသာ ပထမဗွီဒီယိုအတွက် အသင့်တော်ဆုံးတစ်ခုအဖြစ် ရွေးထုတ်လိုက်ကြ၏။တကယ်တော့ အကြောင်းအရာ တစ်ခုချင်းစီကို နှိုင်းယှဥ်ကြည့်မယ်ဆိုပါက အားသာချက် တစ်ခုစီရှိတဲ့ တချို့ဗွီဒီယိုတွေလောက်တော့ မကောင်းပေ။

   ဖြတ်သွားဖြတ်လာတွေက ငတုံးတွေ မဟုတ်ကြပေ။တကယ်လို့ ဒီဗွီဒီယိုသာ တည်းဖြတ်ပြီးသားဆိုပါက ဘာဖြစ်လို့ အကောင်းဆုံး Audio Effectနဲ့ မတင်ရတာလဲ?သိသိသာသာပင် လမ်းသွားလမ်းလာတွေကို လှည့်ဖြားဖို့အတွက် မှားယွင်းတဲ့ ဖျော်ဖြေမှုတွေကို မသုံးထားဘူးဆိုတာ ထင်ရှားနေတာကြောင့် လူတိုင်းက မူရင်းဓါတ်ပုံတွေကို တင်ဖို့ ရွေးချယ်လာကြလေသည်။

   လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက လော့တင်းတစ်ယောက် ဘယ်လောက်တောင်မှ ဆိုးရွားစွာ ဟက်ခ်ခံခဲ့ရတယ်ဆိုတာကို ဘယ်သူမဆို မျက်စိမှိတ်ထားရင်တောင်မှ သိနိုင်ကြ၏။လော့တင်းရဲ့Fanတွေကတော့ အလွန်အမင်း စိတ်လှုပ်ရှားတာ ဒါမှမဟုတ် အော်ငေါက်ပြီး ရင်ဆိုင်ဖြေရှင်းကြတာမျိုး မရှိကြပေ။ဖြတ်သွားဖြတ်လာ အများစုက ဆူပူကြိမ်းမောင်းတဲ့ ပွဲမှာ မပါ၀င်ခဲ့ကြဘဲ ဆင်ခြင်တုံတရားရှိတဲ့ Fan Groupမှတဆင့် လော့တင်းအပေါ် ကောင်းတဲ့အမြင်တွေ မလွဲမသွေ ရှိလာကြလေသည်။Weiboမှ ရှင်းလင်းပြတ်သားပြီး ကျိုးကြောင်းဆီလျော်တဲ့ ရှင်းလင်းချက်က ယခုတစ်ကြိမ်မှာလဲ အလွန်ဆက်စပ်နေ၏။Weiboပေါ်ရှိ အလွန်အကျွံ အသုံးအနှုန်းတွေ မပါရှိဘဲ စကားလုံး အသုံးအနှုန်းတွေက ရည်ရွယ်ချက် ရှုထောင့်မှသာ သက်သက်ရှင်းပြထားခြင်းက အလွန်ထိမိလေသည်။အစပိုင်းတုန်းကတော့ ၄င်းက Popular Top 1နဲ့ မသိရတဲ့ အမှန်တရားရဲ့ လူသားဆန်မှုကို သိမ်းပိုက်ထားခဲ့တာဖြစ်သည်။အခုတော့ လူပေါင်းများစွာက စိတ်မကောင်းဖြစ်သွားကြပြီး လော့တင်းအတွက် ဂရုဏာတချို့ကို သဘာ၀အတိုင်း ပေးလာကြ၏။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now