32

548 59 2
                                    

32

   ရှုကျန်း လော့တင်းရဲ့နာမည်ကို ​ကြားဖူး၏။ဒီအချိန်အတောအတွင်းမှာ အင်တာနက်ပေါ်တွင် သည်နာမည်နဲ့ပတ်သက်တဲ့ သတင်းတွေက အလွန်Hotဖြစ်နေတာကြောင့်ပင်။သူ ဆေးရုံပေါ်မှာ ပြန်လည်သက်သာလာတော့ တစ်ခါတစ်ရံ အွန်းလိုင်းပေါ်မှ လက်ရှိကိစ္စရေးရာတွေ ဒါမှမဟုတ် ဖျော်ဖြေရေးသတင်းတွေကို လိုက်ကြည့်တတ်၏။ပြီးတော့ ထိုအရာတွေက အထင်ကြီးစရာတွေသာ ဖြစ်သည်။

   ဒရာမာမင်းသား မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် ဟော့ရှဲက တခြားသရုပ်ဆောင်တစ်ယောက်အား အစားထိုးထားကြောင်း ကြေငြာလာတဲ့ပို့စ်ကို သူ တွေ့လိုက်ရလေသည်။ထို့ကြောင့် ရှုကျန်း အခု လော့တင်းအား  အမှန်တကယ် စပ်စုနေမိ၏။နိုင်ငံရဲ့ ထိပ်တန်းရုပ်ရှင်ဒါရိုက်တာတွေအနေနဲ့ ဟောရှဲနဲ့ သူ(ရှုကျန်း)က လုံး၀ခြားနားတဲ့ လမ်းကြောင်းတွေကို လျှောက်ခဲ့ကြသည်။ရှုကျန်းရဲ့ ဒရာမာအပေါ် လိုက်စားမှုက နက်နဲတဲ့ရည်ရွယ်ချက်နဲ့ဖြစ်ပြီး ဘယ်အကြောင်းအရာကိုမဆို လူသားဂန္တ၀င်အတွက် ခွဲခြမ်းစိတ်ဖြာပြီး လေးနက်စေလေသည်။ပန်းတိုင်ကတော့ တတ်နိုင်သမျှ ဆုတွေ များများရဖို့ပင်။ဟော့ရှဲကတော့ စန်းတင်သူဖြစ်ပြီး စီးပွားရေးHotspotsတွေကို ဖမ်းယူနိုင်ကာ ပရိတ်သတ်တွေရဲ့ စိတ်သဘောကို ကောင်းစွာ ရှာဖွေနိုင်သူ ဖြစ်လေသည်။သူ့ရဲ့ ဒရာမာတွေက မီးတောက်လောင်စေပြီး ငွေလဲ ရှာနိုင်လေသည်။မီးတောက်လောင်စေပြီး Box Officeနဲ့ ဆုတွေများစွာ ရရှိခဲ့ရုံတင်မကသေးဘဲ  ဒါရိုက်တာလောကရှိ ပိရမစ်အထွပ်အထိပ်သို့ သွားတဲ့ခြေလှမ်းတွေကိုလဲ ဘယ်တုန်းကမှ မနှောင့်နှေးစေခဲ့ပေ။

   နှစ်ခုလုံးကို လုပ်နိုင်ဖို့အတွက် ဟော့ရှဲက သူ့ရဲ့ဇာတ်ကားတွေအပေါ်မှာ လေးနက်ပြီး တာ၀န်ယူမှုရှိတဲ့ သဘောထားကို အားကိုးခဲ့လေသည်။ဟော့ရှဲရဲ့Floorက ရှုကျန်းထက် အနည်းငယ် နိမ့်ပေမယ့်လဲ သူ့နောက်မှာ ပိုက်ဆံအများကြီး ရှိနေတယ် ဆိုရင်တောင်မှ ပစ္စည်းအစစ်အမှန်မရှိရင် သူကြိုက်တဲ့ သရုပ်ဆောင်ကို မသုံးတတ်ပေ။လော့တင်းက သူ့မျက်လုံးထဲ၀င်ရောက်နိုင်ပြီး ဒရာမာရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို ရယူနိုင်တယ်ဆိုကတည်းက သူ့မှာ အားသာချက် ရှိနေလို့သာ ဖြစ်ရမည်။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now