36

391 47 0
                                    

36

    လော့တင်းရဲ့ ခိုင်မာတဲ့ စိတ်ပိုင်းဆိုင်ရာ ခုခံမှုက သူ့ကို ဘယ်လိုရန်စမှုကမှ မကြောက်ရွံ့လာစေပေ။ထိုကဲ့သို့သောမှတ်ချက်တွေ ပေးလာနေချိန်မှာ သူကတော့ နောက်ဆုံးရသတင်းတွေကို ကြည့်ရှုဖို့အတွက်  Weiboကို ပုံမှန်အတိုင်း ဖွင့်ထားဆဲဖြစ်သည်။Commentsတွေမှာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လုနီးပါး ကြွေးကြော်သံတွေအတွက် သူ့မှာ ထင်မြင်ချက်တွေ မရှိနေပေ။သူ့ရဲ့ အရင်ဘ၀ အစောပိုင်းနှစ်တွေတုန်းကဆို နေလောင်ကွက်တွေက ဒီထက် ပိုများလေသည်။သူ ပါဝင်သည်ဖြစ်စေ၊မပါဝင်သည် ဖြစ်စေ သူ့ကို မကြိုက်နှစ်သက်ကြတဲ့ လူတွေကတော့ သူ့ကိုပိတ်ဆို့ဖို့အတွက် ဘယ်နည်းလမ်းကိုမဆို သုံးခဲ့ကြ၏။ဥပမာအနေနဲ့ ကားမှန်ကို  ရိုက်ခွဲတာတွေ၊သူ စင်မြင့်ပေါ်မှာ ရှိနေစဥ် ဖိနပ်တွေ,ရေဘူးတွေနဲ့ ခိုးဝှက်ပစ်ပေါက်တာတွေ၊ဒါမှမဟုတ် ဖြစ်နိုင်ခြေရှိတဲ့ အနက်ရောင်ပစ္စည်းတွေကို ဖြစ်ရပ်မှန်အဖြစ် ဖန်တီးတာတွေ၊ပြီးတော့ ပိုပြီးပျင်းစရာကောင်းတာက သူ့ကို တိုက်ခိုက်ဖို့အတွက် အနုပညာရှင်တစ်ယောက်လိုမျိုး ပရိတ်သတ်တွေရှေ့မှာ တိုက်ရိုက်ဟန်ဆောင်တာတွေပါ ရှိခဲ့လေသည်။အရင်က သူ့ကို ကြိမ်ဖန်များစွာ နာကျင်စေခဲ့တဲ့ ရူးသွပ်နေတဲ့ ဆန့်ကျင်ရေးသမားတွေနဲ့ ယှဥ်လိုက်ရင် အခု ခုခံ၊ရိုင်းစိုင်းတဲ့ Commentတွေက သူ့အတွက်တော့ မိုးဖွဲလေးတွေလိုမျိုး ပျော့ပျောင်းလှလေသည်။

   Antiတွေက အလွန်ကြာက်စရာကောင်းတဲ့ သတ္တ၀ါတွေဖြစ်၏။ပရိတ်သတ်တွေ Idolကို ကြိုက်နှစ်သက်ပြီး နောက်ကနေ အရူးအမူးပြေးလွှားကာ လိုက်ဖမ်းကြသလိုမျိုးပင် Antiတွေကလဲ သူတို့မုန်းတီးကြတဲ့ ကြယ်ပွင့်တွေကို ရူးသွပ်တဲ့အပြုအမူတွေနဲ့ ပြုမူတတ်ကြလေသည်။တကယ်လို့ အထက်ဖော်ပြပါ နည်းလမ်းတွေကို အနုပညာရှင်တွေ ခွဲခြားသိမြင်လာပါက နောက်ဆုံးတစ်ခုက အသုံး၀င်ဆုံးဖြစ်သည်မှာ သံသယ၀င်စရာ မရှိပေ။ထို့ကြောင့် ပရိတ်သတ် အသိုင်းအဝိုင်းနဲ့ မသက်ဆိုင်တဲ့ လူတွေတင်မကဘဲ  တိုက်ခိုက်ခံခဲ့ရတဲ့ အပြစ်မဲ့ အနုပညာတွေကပါ မသိစိတ်ကနေ 'အသက်မွေး၀မ်းကြောင်း အသိုင်းအဝိုင်းက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတယ်"ဆိုတဲ့ ထင်မြင်ချက်ကို ချန်ထားခဲ့ကြ၏။ဖျော်ဖြေရေး အနုပညာရှင် ပရိတ်သတ်တွေကိုတော့ ဖယ်ထားလို့ရလေသည်။အင်တာနက်ခေတ်မှာ အမည်ရင်းမဟုတ်တဲ့ စနစ်ရဲ့ အားနည်းချက်ကတော့ တစ်ဖက်လူက မည်သူမည်ဝါဖြစ်ကြောင်း မသိနိုင်တာပင်။နေစက်တွေကို 'ငါ့ကို ဘယ်တော့မှ ရှာတွေ့မှာမဟုတ်ဘူး'ဆိုတဲ့ အတွေးဖြင့် လက်တွေ့ဘ၀မှ ၄င်းတို့ရဲ့ မကျေနပ်တွေကို အပြင်းအထန် ဖော်ထုတ်တတ်ကြ၏။ဒါ့အပြင်ကိုမှ လူမည်းအနုပညာရှင်တွေရဲ့ မကျေနပ်မှုတွေကိုလဲ တခြားအကျိုးစီးပွားအုပ်စုအဖြစ် ဖယ်ထုတ်ခြင်းမရှိဘဲ အချိန်မရွေး နေရာမရွေး လက်နက်တွေကိုင်ဆောင်ကာ ရှေ့တန်းတိုက်ပွဲအတွက် ငွေတောင်းခံတတ်ကြလေသည်။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now