16

545 70 0
                                    

16

      စုရှန်းပိုင် တွမ့်ရှုန်းပေါ်အား စိတ်အားထက်သန်စွာ စိုက်ကြည့်နေလိုက်၏။

       တွမ့်ရှုန်းပေါ်က ဒေါသကြီးတယ်လို့ ကြားဖူးပေမယ့် အသိုင်းအဝိုင်းထဲမှာ သူနဲ့ အဆင့်အတန်း ကွာဟမှုကြောင့် တစ်ယောက်နဲ့တစ်ယောက် မတွေ့ခဲ့ဖူးကြပေ။အခု သူ မျက်နှာမှာ နူးညံ့တဲ့အပြုံးလေးနဲ့ တွမ့်ရှုန်းပေါ်အား ကြည့်နေမိလေသည်။

         အစတုန်းက သူ့မှာ စကားစမြည်ပြောဖို့ ရည်ရွယ်ချက်မရှိခဲ့ပေ။အသိုင်းအဝိုင်းထဲမှာ တွမ့်ရှုန်းပေါ်က တသီးတခြားနေတတ်ပေမယ့် သူ့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဆွဲဆောင်မှုကတော့ ပြိုင်ဘက်မရှိပင်ဖြစ်သည်။ဒီအချိန်အတောအတွင်း စုရှန်းပိုင် auditionတစ်ခုကို စတင်စည်းရုံးပြီး လိုင်းကိုဖိနှိပ်ဖို့အတွက် ဟဲဗီးဝိတ်ဧည့်သည်တွေကို ရှာဖွေဖို့ ပြေးလွှားနေခဲ့ရတာ ဖြစ်သည်။သူ တွမ့်ရှုန်းပေါ်ရဲ့ ပေါ်ပြူလာဖြစ်မှုကို တပ်မက်နေခဲ့တာ ကြာပြီဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် သိခွင့်ရဖို့ကို ရုန်းကန်လှုပ်ရှားနေခဲ့ရ၏။ဒီနေ့တော့ တစ်ဖက်လူနဲ့တွေ့ဆုံဖို့က အရမ်းလွယ်ကူနေတာကြောင့် သူမူးနေရင်တောင်မှ ဒီအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ပေ!

       စုရှန်းပိုင် တွမ့်ရှုန်းပေါ်အကြောင်း သိပ်မသိပေမယ့်လဲ တွမ့်ရှုန်းပေါ်ရဲ့ အဆင့်အတန်းနဲ့ သိပ်မဝေးတဲ့ ချောက်တင်းခွမ့်နဲ့ သူ အတူတူရှိခဲ့ဖူးလေသည်။အသိုင်းအဝိုင်းထဲမှ နာမည်ကြီးတွေရဲ့ ဦးစားပေးမှုက တစ်ခု ဒါမှမဟုတ် နှစ်ခုလို့သာ ယူဆနိုင်၏။အကျိုးစီးပွားတွေ ပိုပိုပြီး မြင်လာရတာနဲ့အမျှ သူတို့ရဲ့နှလုံးသားတွေကလဲ အမှောင်ထုရဲ့ တိုက်စားမှုအား ကြာရှည်စွာ ခံစားလာရတာကြောင့်ပင်။ထိုကဲ့သို့သောလူတွေက သန့်ရှင်းမှုနဲ့ အလင်းရောင်ကို ပို၍တောင့်တတတ်ကြ၏။အစပိုင်းတုန်းက သူ ချောက်တင်းခွမ့်အား သူ့ရဲ့ ချို့ယွင်းချက် ကင်းစင်တဲ့ ရိုးသားမှုနဲ့  ဆုပ်ကိုင်ထားခဲ့သည်။နောက်ပိုင်းမှာတော့ ရှုကျန်းက သူ့ရဲ့ နူးညံ့တဲ့ ထောင်ချောက်ကနေ မလွတ်မြောက်နိုင်ခဲ့ပေ။အခု သူ တွမ့်ရှုန်းပေါ်နဲ့ တွေ့ဆုံနိုင်ခဲ့ပြီဖြစ်ပြီး အသုံးချဖို့ မလွယ်ကူရင်တောင်မှ ဒါက ကောင်းတဲ့အရာတစ်ခုသာ ဖြစ်တယ်လေ,ဟုတ်တယ်မလား?

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now