3

1.1K 127 0
                                    

လော့တင်းတစ်ယောက် အောက်ရောက်တော့မှ သူအခုနေနေတဲ့နေရာက သီးသန့်တိုက်ခန်းတစ်ခန်းမှန်း သိတော့သည်။သူခဏလောက် စဥ်းစားကြည့်လိုက်တော့ ဒီနေရာက ရာရှင်းစတူဒီယိုမှ သူ့အနုပညာရှင်တွေအတွက် ငှားရမ်းပေးထားတဲ့ နေရာဖြစ်မှန်းသာ မှတ်မိ၏။

ရာရှင်းစတူဒီယိုကို တည်ထောင်ထားသူမှာ တရုတ်ပြည်တွင် ရုပ်ရှင်စတားအဖြစ် တစ်ကြိမ်နာမည်ကြီးခဲ့ဖူးတဲ့ ကုရာရှင်း ဆိုသူဖြစ်သည်။အလုပ်အကိုင် ထိပ်ဆုံးသို့ရောက်လာချိန်မှာတော့ ကုရာရှင်းတစ်ယောက် သူ့ပွဲစားကုမ္ပဏီထံမှ ခွဲထွက်ခဲ့၏။ထို့နောက် သူ့ကိုယ်ပိုင်လမ်းကြောင်းဖြင့် ဒီစတူဒီယိုကို တည်ထောင်ခဲ့လေသည်။အများအားဖြင့် ကုမ္ပဏီတွေက အနုပညာရှင်တွေကို ပြည်တွင်းနဲ့ ပြည်ပမှ  အမျိုးမျိုးသောလူများအား ရွေးချယ်ထားတာဖြစ်ပြီး အချို့သာမာန်လူတွေကိုတော့ ပြင်ပအခြေအနေထူးကဲမှုကို တူးဖော်ရှာဖွေပြီး ရွေးချယ်ထားတာဖြစ်၏။ဒါပေမယ့်လဲ ဒီနေ့လို စက်ကိရိယာတွေ ပိုပိုတိုးလာနေတဲ့ခေတ်မှာ အသစ်တွေကလဲ ပိုပိုပြီး ထွက်ပေါ်လာနေတာကြောင့် ဒါမျိုးက ကြုံတောင့်ကြုံခဲပင်ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် လော့တင်းကလဲ ထို အနည်းသောအုပ်စုတွေထဲက တစ်ယောက် ဖြစ်လာခဲ့၏။

လော့တင်းက အဖေအမေမရှိဘဲ မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့သူဖြစ်သည်။သူ့အသက်ဆယ့်ရှစ်နှစ် အထက်တန်းကျောင်းမှ ဘွဲ့ရပြီးနောက်မှာ ပညာထပ်မသင်တော့ပေ။မိဘမဲ့ဂေဟာမှ ထွက်လာပြီးနောက် အသက်ရှင်နေထိုင်နိုင်ရေးအတွက် သူ ကော်ဖီဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ခဲ့၏။သူ့ရဲ့ ချောမောတဲ့ပုံစံကို ရာရှင်းမှ ရှာဖွေသူတစ်ဦးက တွေ့ရှိသွားပြီး လက်မှတ်ထိုးဖြစ်သွားကြကာ  flat-modelတစ်ယောက်အဖြစ် စတင်အလုပ်လုပ်ခဲ့သည်။နောက်ပိုင်းမှာ စုရှန်းပိုင်က Draft-showကနေ အဆိုတော်တစ်ဦးအဖြစ် ထွက်ပေါ်လာပြီး ကုရာရှင်းနဲ့ စာချုပ်ချုပ်ခဲ့ကြ၏။အဲ့ဒီအချိန်တုန်းက ကုရာရှင်းရဲ့လုပ်ငန်းက အောက်ခြေမှာသာ ရှိသေးပြီး ရာရှင်းစတူဒီယို သက်ဝင်လှုပ်ရှားလာစေဖို့အတွက် ပေါ်ပြူလာဖြစ်အောင်လုပ်နိုင်တဲ့ အနုပညာရှင်ကို အရေးတကြီး လိုအပ်နေခဲ့သည်။တိုက်တိုက်ဆိုင်ဆိုင်ပင် အသွင်အပြင်မှာ အကောင်းဆုံးဖြစ်တဲ့ လော့တင်းကို သူတို့တွေက စုရှန်းပိုင်နဲ့အတူတူပွဲဦးထွက်ဖို့ စီစဥ်ခဲ့ကြ၏။

ဖျော်ဖြေရေးလုပ်ငန်းအား စိုးမိုးခြယ်လှယ်ရန် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now